" Yayy... နောက်ဆုံးတော့ Korea ကိုပြန်လာရပီကွ..."
Incheon လေဆိပ်အပေါက်ဝ၌ Luggage ကြီးတစ်လုံးဆွဲပြီး ခုန်ဆွခုန်ဆွလုပ်ကာ အော်ဟစ်နေသော ကောင်လေးတစ်ယောက်...
သူကတော့တခြားသူမဟုတ် ငယ်ငယ်ထဲက U.S မှာကျောင်းသွားတက်နေသော Jimin ပင်...
ယခုတော့ကျောင်းပီးသွား၍ အမိမြေ Korea သို့အပြီးပြန်လာခြင်းပင်..." သခင်လေးက Park Jimin လားမသိဘူး..."
" ဟုတ်ကဲ့...ကျွန်တော် Park Jimin ပါခင်ဗျ...ဦးလေးကြီးကကျွန်တော့်ကိုလာကြိုတာလား..."
" ဟုတ်ကဲ့...သခင်လေးကိုလာကြိုဖို့ သူဌေး Park က ဦးလေးကြီးကိုလွှတ်လိုက်တာပါ..."
" Aww...ဦးလေးလွှတ်လိုက်တာကိုး...သွားစို့လေ..."
" ဟုတ်ကဲ့...သူဌေး Park ကသခင်လေးကို အိမ်မာ အေးဆေးအနားယူဖို့မှာလိုက်ပါတယ်...သူဌေးကအခုအစည်းအဝေးတက်နေရလို့ပါ...အစည်းအဝေးပီးတာနဲ့ချက်ချင်းပြန်လာမယ်ပြောပါတယ် သခင်လေး..."
" သခင်လေး...သခင်လေးဆိုပီးမခေါ်ပါနဲ့ဦးလေးကြီးရာ...ဒီအတိုင်း Chim လို့ပဲခေါ်ပါဗျ...ကျွန်တော်အိမ်ကိုမသွားချင်သေးဘူး...ကျွန်တော့်ကို Appa နဲ့ Omma စီအရင်ပို့ပေးပါ ဦးလေးကြီး..."
" ကောင်းပါပီ သခင်လေး...အဲ...Chim..."
Jimin တစ်ယောက်ဘာမှပြန်မပြောပဲပြုံးကာ ငယ်ငယ်ထဲက လွမ်းနေရသော မွေးရပ်မြေ Korea နိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေကို ကားပြတင်းပေါက်ကနေ ကြည့်ရင်းလိုက်ပါလာခဲ့လေသည်...
မိဘနှစ်ပါးစလုံး Car Accident ဖြစ်ပီးဆုံးပါးပီးနောက် ဦးလေးဖြစ်သူက ခေါ်ယူမွေးစားကာ U.S မှာကျောင်းထားပေးခဲ့သည်...
ဦးလေးရဲ့ကျေးဇူးတွေက ကျွန်တော့်ပေါ်မှာ အရမ်းများတယ် အဖေ့ရဲ့ညီဆိုပေမဲ့ ကျွန်တော့်အတွက်တော့အဖေနဲ့မခြားပေ...
ကျွန်တော့်ကိုလဲ သားအရင်းတစ်ယောက်လို သဘောထားကာ လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးတယ်...ဒါ့ကြောင့် ကျွန်တော်ကလဲ ဦးလေးစကားမှန်သမျှမြေဝယ်မကျနားထောင်သည်...ယခုလဲ ဦးလေးရဲ့ဆန္ဒအရ ဦးလေးရဲ့ Park Company တွင်အလုပ်လုပ်ရန်ပြန်လာခြင်းပင်...