➳ ➳ ➳ ➳ ➳ တတိယလူ ➳ ➳ ➳ ➳ ➳
::::::::::::::::::::::::::::::::::::::::::::::::::::::::::::
မေးစေ့ကို လာကိုင်တဲ့လက်ကို ခပ်ဆတ်ဆတ် ပုတ်ချပစ်လိုက်တယ်။ No ပဲ။
ကျေးဇူးပြုပြီး ကျွန်တော့ကို ဒီလို ထိခတ်ဖို့ မကြိုးစားပါနဲ့အကို။အခိုက်အတန့်လောက် ငြိမ်ကျ သွားပြီးတော့မှ
ကျွန်တော် နင့်နင့်သီးသီး ထရယ်မိတယ်။
ခင်ဗျားကနားမလည်သလို ကျွန်တော့ကို ကြည့်နေမယ်ဆိုတာကိုလည်း သိနေတယ်။
ခင်ဗျားက . . . . ခင်ဗျားက
ချစ်ခြင်းမေတ္တာကို ဘယ်လိုနားလည်ထားလို့လဲ။နူးညံ့တဲ့ အခေါ်အဝေါ်တွေ ကျွန်တော့ကို လာသုံးစွဲဖို့တော့ မကြိုးစားနဲ့ အစ်ကို။
ကျွန်တော်က ယောကျာ်းတစ်ယောက်ပဲ အစ်ကို။
ယောကျာ်းလိုပဲ ဝတ်စားနေထိုင်တယ်။
ကျွန်တော့ကိုယ်ကျွန်တော်
ယောကျာ်းဆိုတဲ့ ဖြစ်တည်မှုကို နှစ်သက်တယ်။
ကျွန်တော် မိန်းကလေးတစ်ယောက်လည်း မဖြစ်ချင်ဘူး။
ကျွန်တော် မိတ်ကပ် မလိမ်းတတ်ဘူး။
ကျွန်တော်နှုတ်ခမ်းနီ မကြိုက်ဘူး။
ဂါဝန်တွေ ထမီတွေ မဝတ်ချင်ဘူး။
ဒေါက်ဖိနပ်လဲ မကြိုက်ဘူး။
ကျွန်တော် ရင်သားလဲ မကြီးချင်ဘူး။
ဒါပေမယ့် . . .
ကျွန်တော် ခင်ဗျားကို ချစ်တယ် အစ်ကို။ကျွန်တော် ရော့ခ် ဂီတကိုချစ်တယ်။
ကျွန်တော် တတ်တူးထိုးရတာကြိုက်တယ်။
ကျွန်တော် ဘီယာသောက်တယ်။
ဆေးလိပ်သောက်တယ်။
ကျွန်တော် ရန်ဖြစ်ပြီး ချိန်းရိုက်ရတာကိုကြိုက်တယ်။
ဘောလုံးပွဲကြိုက်တယ်။
ကျွန်တော် ကောင်မလေးတွေရဲ့ ကောက်ကြောင်းလှလှလေးတွေကို စိတ်ဝင်စားတယ်။ ကောင်မလေးလှလှလေးတွေ မြင်ရင် လိုက်ပြီး ငေးတယ်။
ကျွန်တော်ခင်ဗျားကို ချစ်တယ် အစ်ကို။"ငါ မင်းကို ချစ်တယ်" တဲ့။
ဘယ်တော့မှ ဆုံတွေ့ခွင့်မရှိတဲ့ မြစ်နှစ်စင်းက ပေါင်းစပ်စုဆုံလာတဲ့နေ့ကို ရောက်လာတယ်။
မထင်မှတ်ဘဲ စီးဆင်းလာတဲ့ ရေအလျင်က
ကျွန်တော့ရဲ့ ယိုင်နဲ့နဲ့ နယ်နမိတ်ကို ထိုးခွဲသွားတယ်။
မဖြစ်နိုင်ဘူးလို့ ခေါက်ထားခဲ့ရတဲ့ နိယာမတွေ အသက်ပြန်ရှင်လာတာမျိုး။
အံ့သြပျော်ရွှင်ရသလို သွေးပျက်ကြောက်လန့်ခြင်းတွေကိုပါ
တပြိုင်တည်း လက်ခံရရှိလိုက်တယ်။
No အစ်ကို။ ကျွန်တော်တို့ မဖြစ်နိုင်ဘူး။
ကျွန်တော် ခဏခဏ ငြင်းပယ်တယ်။
အသိစိတ်ထဲကရော မသိစိတ်ထဲကပါ အကြိမ်ကြိမ်ပေါ့။
လူအကဲခတ်တတ်တဲ့ ခင်ဗျားက မူပျက်နေတဲ့ ကျွန်တော့ပြိုလဲမှုတွေကို ရိပ်မိနေတာ
ကျွန်တော်ဘယ်အချိန်ထိ ငြင်းဆန်လို့ ရပါ့မလဲ။
ကျွန်တော်ခင်ဗျားကို ချစ်တယ် အစ်ကို။
YOU ARE READING
တတိယလူ - ခွန်းညိုသွေး
Non-Fiction"ငါမင်းကိုချစ်တယ် ဒါပေမယ့် တစ်ရက်ရက်မှာတော့ သူ့ကိုတော့ ယူရမှာ" ဆိုတဲ့ စကားမျိုး သဘောအဓိပ္ပါယ်မျိုးဟာ နားလည်ရ ခက်ခဲပေမယ့် ကျွန်တော် လက်ခံနိုင်ပါတယ် အစ်ကို။ အစ်ကိုဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ရမှာပေါ့။ သားသမီးမြေးမြစ်တွေနဲ့ ပျော...