This is love???

1K 78 2
                                    

မနက်ခင်းတစ်ဖန်ရောက်ရှိလို့လာခဲ့ပြန်ပြီ~

ep-2

ဒီနေ့နဲ့ဆို ကျွန်တော်သူနဲ့ လက်ထပ်တာတစ်ပတ်လောက်တော့ရှိပေလိမ့်မည် သူနဲ့နေရတာဘာပြဿနာမှ ထွေထွေထူးထူမရှိခဲ့ ထူးခြားတာတစ်ခု
သူနဲ့တွေ့လျှင် ရင်ခုန်တတ်နေပြီ

မနက် အိပ်ရာကနိုးပီဆိုလျှင် မထသေးဘဲ သူ့ငို ငေးကြည့်နေရသည်က အကျင့်တစ်ခုလို~

တကယ်ပါ ချောမောလှပလွန်းသည် ခန့်ညားသည် ကျွန်တော့ အပေါ်ဆို သိပ်ဂရုစိုက်လွန်းသည် တကယ်ပါ တခါတလေ ဂုဏ်ယူရမလို သူငယ်ချင်းများကတောင်အားကျရသည့် ရုပ်ရည်ပိုင်ရှင်မျိုး

ပြတင်းပေါင်ဖွင့်ထား၍ မိုးလေအေးများ အိပ်ရာဆီသို့တဖြူးဖြူး
တလွင့်လွင့်ပျံနေသော ပိတ်ကာစ
လူကိုတွန့ကနဲအေးသွားစေသည် မနေ့ညက ကျွန်တော်ကိုယ်တိုင်ပူသည်ဆို၍အရစ်ရှည်ပြီးဖွင့်ထားခဲ့ခြင်း
ထိုအချိန် အေးနေသော ကျွန်တော့ခန္ဓာကိုယ် နွေးသွားသလို ခံစားရသည် ထို့ပြင် ဝင်လေထွက်လေများကလဲ ကျွန်တော့်ခေါင်းကို လာ၍ရိုက်ခတ်နေသယောင်
မရဲတရဲနဲ့ မျက်လုံးလှန်ကြည့်လိုက်တော့ ကျွန်တော့ကို သိမ်းကျုံးဖတ်ထားသောသူ

အမလေး အိပ်နေလိုက်များ ကုလားသေ ကုလားမော
လူကို သူ့ဖက်လုံးများ မှတ်နေလားမသိ
ရုန်းသည် ရုန်းတော့ သူကပိုပြီးတင်းကျပ်စွာဖတ်သည်

သူကတော့ မသိ ကျွန်တော့ နှလုံးသားတစုံ စည်းခိက်မညီအောင်ခုန်နေသည်ကို

ပြီးတော့ကျွန်တော်ကို သူ့ရင်ခွင်ထဲထည့်ပြီးပြောသေသည်
"အေးတယ်"တဲ့ ခင်ျားကြီးဟာလေ တခါတလေ ကျွန်တော့် ထက်တောင်ပိုပြီးကလေးဆန်သလားဘဲ

အင်း.........တစ်ခုတော့ ရှိသည် သူနဲ့တော့ ဆက်ဆံရေးစိပ်လာသည်ဟုပြောလို့ရသည်
ကျောင်းကြို/ပို့ သူကိုယ်တိုင် လုပ်ပေးသည် လက်ထက်ထားပြီး ဆက်ဆံရေးကျဲနေသည်ထက်တော့ ကောင်းသေးသည်မဟုတ်လား?

သူ့ကိုယ်ထဲကနေ မသိမသာရုန်းတော့ သူနိုးသွားသည် ထင်သည်
"အင်း" သူ့မျက်လုံးတွဖြည်းဖြည်းချင်းပွင့်လာတော့ သူခိုးလူမိမှာကြောက်၍မျက်လုံးအစုံကို အလျင်အမြန်ပိတ်ပစ်လိုက်ရသည်

Blue SkyWhere stories live. Discover now