875 96 24
                                        

"ဟဲရို အဲဗရီးဝမ်း အိုင်းအမ် ဗြောင်ဘတ်ခွန်း"

"ကဲကလေးတို့ ပြန်နှုတ်ဆက်ကြ ဒါက ကလေးတို့ အတန်းဖော်အသစ်……။ သူငယ်ချင်းကို ရန်မစကြနဲ့နော်….။ သားလေးက ဘယ်သူ့နားက ခုံမှာထိုင်ချင်လဲ တီချယ်ကိုပြော…။"

"သားသားက အင်းဂိတ်ချာ တော်တဲ့ သူနားမှာထိုင်ချင်တာ…။"

"ဟုတ်ပါပြီကွယ်….။ ဒီမှာတက်နေတဲ့ သူငယ်ချင်းတွေအကုန်လုံး English တော်ပါတယ်ကွ…။"

"ဟင့်အင်း သားသားက တော်ရုံနဲ့မရဘူး ကျွမ်းတဲ့သူမှ သူငယ်ချင်းရုပ်ချင်တာ…။"

"ကဲကဲ… အဲဒါဆိုလည်း ဟိုမှာတွေ့လား တစ်ယောက်တည်းဆော့နေတဲ့ ပါးဖောင်းဖောင်းနဲ့ သားသားလေးနားမှာသွားထိုင် အဲ့သားသားလေးက စာလည်းတော်တယ် ချစ်ဖို့လည်းကောင်းတယ်….။"

"၀ိုး.. တကယ်ချစ်စရာလေး သားသားသူနားမှာထိုင်မယ်..။
သင့်ခယူ.. တီချယ်…။"

"ဟိုင်း ပေပီ… နိုက်တူမိကျူ…..။"

"မှားနေတယ် ပေပီမဟုတ်ဘူး ဘေဘီ.. နိုက်တူမိကျူး မဟုတ်ဘူး nice to me you... စကားမပီဘဲနဲ့ အင်္ဂလိပ်စကား မကြောနဲ့ ဘတ်ခွန်း…။"

"နာ့နာမည် ဘတ်ခွန်းကွ ဘတ်ခွန်းဟုတ်ဘူး..။"

"နာလည်းမင်းကြောသလို ခေါ်တာဘဲလေ….။"

"မင်းနော် ငါ့နာမည်က
ဘတ်ခွန်းပါဆို ..။ ငါနိုမှာနော်.... တီချယ်ရေ ဒီမှာသူက သားနာမည်ကို မှန်အောင်မခေါ်ဘူး....
ဗြဲ!!!!!!!!!!!!!!..။"

"ဟဲ့ ဟဲ့ကလေးတွေ ဘာဖြစ်ကြတာလဲ...။ သားသားဘာလို့ငိုနေတာလဲ...။"

"ဘာမှမဟုတ်ဘူး တီချယ် သားက သူကြောတဲ့အတိုင်း သူ့နာမည်ခေါ်တာဘဲကို မဟုတ်ဘူးဆိုပြီး ငိုနေတာ..။"

"သားသားကလည်း မငိုရဘူးလေ နာမည်ခေါ်တာကို ငိုစရာလားသားရဲ့..။"

"သူက သားနာမည်ကို အမှန်မှ မခေါ်တာ...။"

"သားက ဘတ်ခွန်းလို့ ကြောတာကို အဲရာကို မှားနေတယ်ဆိုပြီး ငိုနေတာ..။"

"သြော်သားကလည်း သူ့နာမည်က ဘတ်ဟျွန်း သားရဲ့ ဘတ်ခွန်း မဟုတ်ဘူး...။"

Satansoo & BobohuWhere stories live. Discover now