"ဟှောင့် Bobohu မင်းက ဒီနေ့ဘာလို့နောက်ကျ ပြီး
ဂျောင်ဆူးနဲ့ တူတူမလာတာလဲ"
"သားလေးတို့က ပါးပါး ကို မျှော်နေတာလား။ ပါးပါးက ဂိမ်းကိုက်သွားလို့ မနက်ကြတော့ မထနိုင်တာနဲ့ နောက်ကျတာပါကွာ"
"_ီးကို ပါးပါးလုပ်နေ နောက်ကျတာကို ပျော်နေသိလား မင်းရဲ့ မျက်ပြူး သူများနောက်ပါတော့မယ်"
"ဘာဖြစ်တယ် ဂျောင်ဆူးက ဘယ်သူ့နောက်ပါရမှာလည်း ငါ့ကို မြန်မြန်ပြောစမ်း"
"အခုမှမြန်မြန်ပြော လုပ်နေတယ်။ ဂျောင်ဆူးကို ကန်တင်းမှာတင် ဖွင့်ပြောမယ်ဆိုတဲ့ဟာကို ငါတို့အတန်းထဲက မင်ဟီးပြောနေတာ ငါကြားခဲ့တယ်"
"ဘယ်သူက ဖွင့်ပြောမှာလည်း။ ငါ့လောက်တောင်ရုပ်ခံမရှိဘဲ ဘယ်သူက သူ့ကိုဖွင့်ပြောရဲတာလဲ"
"မင်းလောက်ရုပ်ခံရှိလားမရှိလားတော့မသိဘူး သူက ကျောင်းရဲ့ The Whole Queen လို့တော့ ပြောသံကြားလိုက်သလားလို့"
"ဂုဏ်ယူပါတယ်သားလေးရေ မင်းကျန်ရစ်ဖြစ်ဖို့ 99.9999% လောက်ကို ကျိန်းသေသွားပါပြီ"
"ငါက ဘာဖြစ်လို့ ကျန်ရစ်ဖြစ်ရမှာလည်း ဂျောင်ဆူးက ငါ့ကိုဘဲချစ်မှာ မင်းတို့မယုံရင် စောင့်ကြည့်နေ"
"ကြည့်ပါတယ် ကြည့်နေပါတယ် မင်းကျန်ရစ်ဖြစ်မဲ့ပုံလေးကိုပေါ့"
"Sehun မင်းနော်"
"မင်းနော် ငါနော်လုပ်မနေနဲ့လေ ဒီမှာငါတို့နဲ့နေပြီး ကျန်ရစ်ဖြစ်မဲ့အချိန်ကို စောင့်နေတာလား ကန်တင်းမသွားဘဲနဲ့"
"ဟုတ်ပ ကန်တင်းကိုမြန်မြန်သွားပြီး သူများမဦးခင် ကိုအရင်ဦးအောင် သွားပြောရမှာကို "
"ဟုတ်တယ် မင်းတို့ပြောတာမှန်တယ် ငါသွားရမယ် သွားရမယ်။ မင်းတို့စောင့်နေကြ ငါပြန်လာရင် တစ်၀ိုင်းထောင်ပေးမယ်"
"တစ်၀ိုင် ဖဲ၀ိုင်းလား မင်းပြန်လာရင်သာ ခြေစုံလက်စုံ ပြန်ပါလာဖို့ဆုတောင်းပေးမယ်"
"ပါးစပ်ပုပ်တွေနဲ့ သွားပြီ"
"ကြွ..ကြွ မြန်မြန်"
"Kim Jongin!!!!!!"
"Ya!! လန့်လို်က်တာကွာ လင်ကို တွေ့တာကို
အဲ့လောက်အကျယ်ကြီး အော်ရလားလို့"
