အရူးတစ်ယောက်လို...
ကိုယ်ဟာ...ကလေးကို စောင့်နေရင်း စောင့်နေခဲ့တယ်။အမှန်တရားဟာ...ခဲတစ်လုံးလိုထိမှန်ခဲ့တော့လည်း
ကိုယ်မငိုခဲ့ဘူး။ကလေးမှာ...အပြစ်မရှိဘူး
ကလေးဒီလိုထားခဲ့တာ...ကိုယ့်အမှားပါပဲလို့ ရေရွတ်ခဲ့တယ်။တစ်ခါက...ကလေးဟာ ရင်ခွင်ထဲဝင်ချွဲနွဲ့တတ်ပြီး
ကိုယ်ကလွဲဘယ်သူမှမသိခဲ့ဘူးတဲ့လေ။တစ်ချိန်ကမတော်တဆ...လက်ချင်းထိပြီး အရှက်ပိုခဲ့တဲ့ကလေးဟာ
အခုတော့...ကိုယ့်ရှေ့မှာ တခြားတစ်ယောက်အကြောင်း
ပြောရင်း...ရယ်မောနေသတဲ့လား။ကလေးကိုမုန်းနိုင်သလားဆိုတော့
မမုန်းရက်ပြန်ဘူး...ကလေးရဲ့အချစ်ကိုမမျှော်မှန်းဘူး...ပြောနေပေမယ့်
လူပဲ...ကလေးရယ်~
လောဘနဲ့ဘယ်ကင်းနိုင်ပါ့မလဲ။ကလးကိုမုန်းဖို့အကြောင်းလိုက်ရှာတိုင်း...
ကလေးကိုအချစ်တိုးခဲ့ရပြန်တယ်။ကိုယ့်ကိုအရူးကြီးလို့ခေါ်ရင်း...ပြုံးနေတာကိုပဲ
အကျေနပ်ကြီးကျေနပ်နေတာပါပဲ။ကလေး...ကိုယ့်ကိုမချစ်တော့ပေမယ့် မမုန်းသေးဘူးမလား?
ဒီတော့...ကိုယ်မျှော်လင့်ရင်းမျှော်လင့်နေမယ် ကလေး။
သူနဲ့အဆင်မပြေတိုင်း..."လိုသုံး"အဖြစ်ခံဖို့ ကိုယ်စောင့်နေပါ့မယ်။
