Bangtanတွေနဲ့ သရဲမနှစ်ကောင်လည်း အတော်ကို ရင်းရင်းနှီးနှီး မောင်နှမတွေ.. မိသားစုတဖွယ် ဖြစ်လာကြလေပြီ...။
နေ့တိုင်း ကိုယ်စီ အလုပ်တွေရှုပ်နေကြသော Bangtanတွေနဲ့ Dormမှာမတွေ့ဖြစ်တာ.. နှစ်ပတ်ရှိပြီဖြစ်သည်။
မတွေ့ဆို..Bangtanတွေက ဘူဆန်ရောက်နေသည်လေ။သရဲမနှစ်ကောင်က Dormမှာ အချု ပ်ကျနေလေရဲ့...။မတရားလိုက်တာ...ဘူဆန်လိုက်သွားချင်တယ်..ဗြဲ...။
သို့ပေမဲ့လည်း..ယနေ့ဟာ Bangtanတွေ ဆိုးလ်ကိုပြန်ရောက်မဲ့နေ့ဖြစ်တာကြောင့် ထုံးစံအတိုင်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြပါသော Binnaနဲ့Eunmi..။
လေးဆင့်ချို င့်ရှိသည့်အနက် ပထမအဆင့်တွင် ပန်းသီး..လိမ္မော်သီး..စပျစ်သီး..ဘူးသီး..အဲလေ...ဖရဲသီး..တို့ကို စနစ်တကျထည့်ထားသည်။ဒုတိယအဆင့်တွင် ထမင်းလိပ် များ အထပ်လိုက်..။တတိယ ထပ်တွင်.. .. ကိုယ်တိုင်ကြော် ကင်မ်ချီ ထမင်း...တစ်ဆင့်ပြီးတစ်ဆင့်ထပ်နေကာ Eunmi ပီတိဖြာနေသည်..၊
အသားပေါင်းတွေကို ထည့်ထားတဲ့ နောက်ဆုံးအဆင့်လေးကို လက်လှမ်းတုန်း
ဖျက်.......။
"အ....''
"တော်တော့...ကြည့်ဦး...နင်စားတာနဲ့ ကုန်တော့မယ်..။ကမ..နင်းကန်မျို နေတယ်''
Eunmiပိတ်ဟောက်လိုက်တော့ Binna ပါးစပ်က ပလှုတ်ပလောင်းနဲ့သာ နိဂုံး ချု ပ်လိုက်ရသည်..။နောက်ဆုံးအနေဖြင့် ချိုင့်တစ်ခုလုံးကို အနီနှင့် အဖြူ ကွက်ထားသည့် ပုဝါလေးနဲ့ ချည်နှောင်လိုက်ရင်း Eunmiခါးထောက်ကာ ကြည့်နေလိုက်သည်..။..အင်း...မဆိုးဘူး...။
အပူခံ ဘူးတွေနှင့် ရှုပ်နေသော..Binnaကတော့ .. ရေနွေးကို သေချာထည့် ကော်ဖီတွေကို အမှုန့်တွေကို သေချာချိန်ထည့် မွှေလိုက် ထည့်လိုက်ဖြင့်..။အချက်အပြုတ်သာ ညံ့တာ..၊အဖျော်တွေမှာ ကျွမ်းတဲ့ Binnaကတော့ ယခုEunmi အဟောက်အောက် လွတ်ပြီလေ..ဒါမှ မဖျော်တက်လည်း..ဟိုဟာမလေး တက်နင်းတာ ခံဖို့ဘဲ ရှိတော့တယ်..။
YOU ARE READING
"ARMY Ghosts of Bangtan"
FanfictionAccident တစ်ခုက အနှစ်နှစ်အလလမက်ခဲ့တဲ့ အိပ်မက်တွေနှင့် နီးစပ်ခွင့်ရစေခဲ့.