ဘန်တန်းတို့ အပြင်ရောက်နေကြလေသည်..။ ဂျာကြီးဦးဆောင်မောင်းနှင်သော ကားထဲတွင် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသော ဘန်တန်းတစ်ယောက်ချင်းဆီကို နောက်ကြည့်မှန်ကနေ.. မျက်လုံးလေး ကလယ်ကလယ်နှင့် ကြည့်ကာမျက်ဖြူ လန်ချင်နေရှာသော..ဂျာကြီးပါ...။
အခုချိန်ဆို အဲ့ ဝိညာဉ်နှစ်ကောင်လည်း Dormရောက်နေပြီဆိုတာ အသိနဲ့တင် အားလုံးကပိုတိတ်ဆိတ်လျက်..အသွင်အပြင်တွေကို မြင်ရင်း Dormပြန်ရမှာတောင် လန့်နေကြရှာသည်..။
အကြောင်းသိ၍ Yeontanနှင့် Hollyကိုပါ ခေါ်လာကြသည်..။ပြန်ပို့ကြတော့မည်လေ..။ ဝိညာဉ်နှစ်ကောင်..ခွေးနှစ်ကောင်..သူတို့၇ယောက်နှင့်ဆို..Dormထဲမှာ အတော့ကို အဆင်မပြေလှ..။
နမ်ဂျူး၏..ဟင်း..ကနဲ..သက်ပြင်းချလိုက်သည့် အဆုံး...ကျန်သောသူတွေကလှည့်ကြည့်ကြသည်။
Jinက အပြင်သို့ငေးနေရင်း..
"ငါတို့.. သူတို့၂ယောက်ကို ဒီအတိုင်းဘဲ.. လက်ခံပေးလိုက်ရအောင်..
လူတွေအတိုင်းလိုမျိုးလေ..။''အကြီးဆုံး Jin၏ မိန့်ခွန်းအခြွေအဆူံး..Min Sugaနှင့် J hopeတို့က ခေါင်းလေးတငြိမ့်ငြိမ့်..။
Taeကလည်း Yeontanလေးကို ကြည့်ရင်း..။
"အင်း..အဲ့လိုဘဲ..လုပ်ကြတာပေါ့..စိတ်ရင်းကောင်းမယ့်ပုံလေးတွေပါ..ပြီးတော့ ကျွန်တော်တို့ရဲ့ Fanတွေဘဲလေ..ဘယ်လိုအကြောင်းကြောင့်နဲ့ ဒီလိုမျိုးကြုံခဲ့ကြမှန်း မသိပေမဲ့..နားလည်ပေးသင့်ပါတယ်..''
တစ်ဖန်..အားလုံးတိတ်ဆိတ်သွားကြတော့..မနှဲလေးက ထဖောက်သည်..။ရွှင်ပြသော မျက်နှာနဲ့ ပြုံးလိုက်ရင်း..။
"Hyung တို့ကလည်း..စိတ်ထဲထည့်မနေပါနဲ့..ဘဝမှာ ထူးဆန်းတာလေးတွေ ကြုံခွင့်ပေးလိုက်ရင်း စိတ်ဖြေလျှော့လိုက်ပါ..နောက်တော့လည်း နေသားကြသွားမှာပေါ့..သူတို့၂ယောက်နဲ့နေရတာလည်း ပျော်စရာကောင်းမှာပါ..အဟီး..''
YOU ARE READING
"ARMY Ghosts of Bangtan"
أدب الهواةAccident တစ်ခုက အနှစ်နှစ်အလလမက်ခဲ့တဲ့ အိပ်မက်တွေနှင့် နီးစပ်ခွင့်ရစေခဲ့.