ChanBaek //One Short//
တီ တီ တီ.......!!!
နိုးစက်မှ တတီတီ အသံကြောင့် ဖုန်းကို ဆွဲယူကာ ပိတ်ပစ်လိုက်သည်...
တနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာကြောင့် ပြန်အိပ်ပစ်မည်...
ဘေးနားက ပေါက်စတစ်ကောင်ကတော့ ညက ပင်ပန်းသွားသည်ထင်...နိုးကိုမလာ...လှုပ်ပင် မလှုပ်။အသည်းယားကာ ရင်ခွင်ထဲ ဆွဲသွင်းတော့ 'အင်း...အဲ'လောက် အသံထွက်ကာ ပြန်ငြိမ်သွားသည်။သူတောင် မနိုးမှတော့ ကိုယ်လည်း ပြန်အိပ်ရမယ်မဟုတ်လား။
ညကလည်း ပင်ပန်းထားသေးသည်။ရှိသမျှအားတွေ အကုန်ထုတ်သုံးလိုက်ရတော့ လူကခွေချင်နေသည်။
ဆံပင်တွေထဲ နှာခေါင်းတိုးဝင်ပြီး အားတွေ ယူပစ်လိုက်ပြီး
အိပ်စက်ခြင်းဆီသို့.....နောက်ထပ်တစ်ခေါက် တိုးဝင်အနားယူပစ်လိုက်သည်.....။မိမိ မျက်နှာကို ထိချင်ထိကာ လုပ်ချင်သလို လုပ်နေသော ပေါက်စတစ်ကောင်ကို မသိချင်ယောင်ဆောင်ကာ ဆက်အိပ်နေလိုက်သည်။မျက်နှာကို အားမရ၍ထင် နားရွက်တွေကိုပါ ရန်ရှာလာသည်။
ခဏကြာတော့ မိမိ လည်ပင်းသားတွေကို ကုန်းကိုက်ကာ
"ဦးချန်း ထတော့ကွာ နိုးနေတာကို မညစ်ပတ်နဲ့"
"HaHa!"
"ထတော့လို့ Baekhyunee ဗိုက်ဆာနေပြီ"
"ဟုတ်လား ဘယ်နာရီရှိပြီလဲ..."
"9နာရီခွဲနေပြီ ဦးချန်း ထတော့နော်"
မျက်လုံးမဖွင့်ပဲ သူ့အားစကားပြန်ပြောနေသော
ကိုယ့်ကို လက်သွယ်သွယ်လေး အသုံးပြု ကာ
အတင်းဖွင့်ခိုင်းနေလေသည်..."ဟုတ်ပြီ ကိုယ်ထပြီနော် Baekhyunee ဆက်အိပ်နေ
ကိုယ် ရေးနွေးစပ်ပြီးမှ လာခေါ်မယ်""ဟုတ် ဦးချန်း"
နဖူးလေးပေါ် အနမ်းဖွဖွပေးတော့ လှစ်ခနဲ ပြုံးသည်...
~Morning Kiss~ပေါ့
ရည်းစားမရှိတဲ့သူ လိုချင်ရင်တောင် မရနိုင်တာမျိုးလေ...ရေချိုးခန်းထဲဝင်ပြီး မှန်ရှေ့ရပ်ကာ ကြည့်တော့
လည်တိုင်နဲ့ လည်ပင်နေရာတွေမှာ အကွက်လိုက်...
ခွေးပေါက်လေး အရမ်းဆိုးသည်...
မိမိအား ထိုအရာတွေနဲ့ မြင်ရင် အရမ်းလိုက်မှာပဲဆိုကာ
သွားသေးသေးလေးနဲ့ မပေါ် ပေါ်အောင် အသားကုန်ကိုက်သည်
ခံရသူကာ မသက်သာ~~