မေတ္တာဆိုတာကလည်း ဆန်းကြယ်တယ်လေ
သူ့ဆီသွားတဲ့အခါ လမ်းမှာတောင် ပျော်နေတတ်တာမျိုး....သင်ပေးတာ ၄ပတ်မြောက်တဲ့နေ့....
ဒီအပတ်နောက်ဆုံးသင်ပေးပါဆိုပြီး စာပို့လာတဲ့ Jennieကြောင့် Jisooပန်းခြံထဲရောက်နေတာ...
စာကြည့်တိုက်ကို မသွားဘဲ တန်းလာလိုက်တော့ Jennieတောင် မရောက်သေး...ဒီနေ့တစ်နေကုန် ညနေအထိ အချိန်ပေးပါတဲ့...နေ့လည်စာ တူတူစာဝယ်ကျွေးမယ်ချင်လို့ပါတဲ့လေ...."Unnie...အစောကြီးကြိုရောက်နေတာလား"
"Onn...ဟုတ်တယ်။ စကိတ်ရော Jennie" လက်ထဲမှာ စကိတ်အစား လွယ်အိတ်သေးသေးလေးသာပါလာသည်။ ပြီးတော့ ဂါဝန် အပြာရောင်အစင်းလေးနဲ့....ကလေးလေးလို။ လည်ပင်းမှာ ဆွဲကြိုးမျှင်မျှင်လေးဆွဲလို့...အဲ့ဆွဲကြိုးလေးသာ ဖြစ်ချင်တော့တာပဲ။
"ဂါဝန်နဲ့ ဘယ်လို စီးမလဲ"
"Unnie...တကယ်က...ဒီနေ့ မစီးတော့ဘူး...
နေ့လည်စာ ဝယ်ကျွေးချင်လို့ သက်သက်ခေါ်လိုက်တာ""ခုမှ အစောကြီးရှိသေးတာ...ဘယ်သွားနေကြမှာလဲ"
"Shoppingသွားကြမယ်လေ...ပြီးတော့ မနက်စာရော မစားခဲ့ရသေးဘူး"
"Babeya...ဟိုလေ...ပိုက်ဆံအိတ် မပါခဲ့ဘူး...ကြိုမပြောတော့"ရီပြီးပြောရုံသာ Jisooတတ်နိုင်တော့သည်။
Jennieနဲ့ ယှဉ်ကြည့်လိုက်တော့ မမလေးက ပဲတွေများလာတာ...လှနေလိုက်တာလည်း မှုံလို့...ကလေးနဲ့မလိုက်..."Unnieကို ညာပြီး ခေါ်ထားတဲ့ jennieကပဲ ဒီနေ့ တစ်နေ့လုံးကို တာဝန်ယူပါတယ်နော်...
မနက်စာ အရင်သွားစားရအောင်..."မနက်စာကို jisooက coffee puddingစားပြီး jennieက နွားနို့နဲ့ ပေါင်မုန့်နဲ့ စားသည်။
မနက်စာ စားရင်း စကားတွေလည်း ပြောဖြစ်ကြသေးတာ။စာတော်တဲ့ jennieက စာဖတ်ပျင်းပြီး movieတွေ ကြည့်တာသာ ကြိုက်ကြောင်း သိခဲ့ရသည်။
Jennieရဲ့ Englishအသံထွက် အရမ်းကောင်းကြောင်း ချီးကျူးမိပြီး လေ့ကျင့်ချင်ကြောင်း Jisooပြောတော့...
YOU ARE READING
Referred Pain
Fanfictionမူလနေရာ မဟုတ်ဘဲ တခြားနေရာမှာ ခံစားရတဲ့ နာကျင်မှုဝေဒနာတဲ့။ အဲ့လိုဆို Jennie Kimဆိုတဲ့ကလေးဟာ သူ့အတွက် တစ်ဆင့်ခံ ခံစားမှုပေါ့။ ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေကိုလိုက်ပြီး ဒီနှလုံးသားက ခုန်နေရတာမို့... #Jensoo