Part9

1.9K 168 0
                                    

စကိတ်​ကွင်းက ပြန်​လာပြီး ​နောက်​တစ်​ပတ်​ပိတ်ရက်​မှာ Jennieဆီက ပထမဆုံး​သော အဝင်​callကို Jisooလက်​ခံရရှိခဲ့တယ်​။

NiNiဆိုတဲ့ နာမ်​စား​​နောက်​က က​လေးပုံemoji​လေးနဲ့
'NiNi👶'
ကိုယ့်​ရဲ့ babyအ​ချေ​လေး...

လိုချင်​​တာကို ပူဆာမယ့်​ က​လေးတစ်​​ယောက်​လို...ချွဲချွဲနွဲ့နွဲ့​​ပြောလာတဲ့ သူ့အသံက နားနဲ့တင်​ နား​ထောင်​ရုံ မဆန့်​...ရင်​ဘတ်​ထဲထိပါ စွဲဝင်​သွား​တယ်​။

ဘာလို့များ Jennie ပိုင်​ဆိုင်​သမျှ အရာတိုင်းက က​လေးတစ်​​ယောက်​လို ဖြူစင်​​နေရတာလဲ...
က​လေးရဲ့ အရာရာတိုင်းမှာ လဲပြိုရပါတယ်​။

ခုလည်း ကြည့်​ဦး​လေ...အားလားလို့ ​မေးချင်​တာ​တောင်
"unnieရဲ့ ဒီတစ်​ပတ်​နားရက်​...jennieကို ​ပေးနိုင်​မလား မသိဘူး"တဲ့​လေ...
ဘာလို့ စကားကို အဲ့​လောက်​ချစ်​ဖို့​ကောင်း​အောင်​ ​ပြောတတ်​ရတာလဲ...

ဒီကလူက ဘာအသားနဲ့ထုထားတာမို့...ချစ်​စရာ​ကောင်းတဲ့ က​လေးရဲ့ စကားကို ငြင်းနိုင်​မှာလဲ...

"Unnieကို dateဖို့ချိန်းတာလား"လို့ စလိုက်​​တော့...

"တစ်​ရက်​ငှါးတာပါ"လို့​ပြောပြီး ဖုန်းကို တန်းချပြစ်​လိုက်​တာ...ဘယ်​​လောက်​​တောင်​ ရှက်​သွားတာလဲ က​လေးက...ဘာမှ​တောင်​ ​သေချာမ​ပြောရ​သေးဘဲ ရှက်​ပြီးဖုန်းချသွားတာ တန်း​နေတာပဲ။

ဘယ်​အချိန်​ ဘယ်​​နေရာကို လာရမှာလဲလို့ ​messageပို့လိုက်​မှ...Sundayမနက်​ ၁၀နာရီ လမ်းထိပ်​ကိုလာပါတဲ့​လေ...

အဲ့အချိန်​ဆို Jisooစာကြည့်​တိုက်​က စာဖတ်​ပြန်​လာတာနဲ့ တန်းသွားလိုက်​ရုံပဲ...
ကျောင်းဖွင့်​ရက်​ မနက်​​စော​စောဆို အ​ပြေး​လေ့ကျင့်​တတ်​ပြီး...ပိတ်​ရက်​မနက်​ဆို စာကြည့်တိုက်​ကို စာသွားဖတ်​တတ်​တာ Jisooအကျင့်​...
စာဖတ်​ရင်​ ဈာန်​ဝင်​ပြီး အချိန်​​တွေ ​မေ့လွန်းလို့...​ကျောင်းဖွင့်​ရက်​ဆို စာမဖတ်​ရဲ...
အဲ့တာနဲ့ပဲ ပိတ်​ရက်​ ဖွင့်​ရက်​ ​ပြောင်းပြန်​လို ဖြစ်​​နေ​တာ...

ချိန်းထားတဲ့ ပိတ်​ရက်​​ရောက်​ဖို့ ရင်​ခုန်​ရင်း​စောင့်​ရပါဦးမယ်​။

Referred PainWhere stories live. Discover now