ရင်ခွင်ထဲတိုးမဝင်ရခြင်းထက် တိုးဝင်ပြီးမှ တွန်းထုတ်ခံရခြင်းက ပိုနာကျင်ရတယ်မို့လား ဟင် ။
ဒီအတိုင်းတွေးမိတာပါ ဒေစီယာ ။.နင့်ရင်ခွင်ထဲ ငါ့ကိုထွေးပွေ့စေလိုခြင်းလို့ မထင်စေချင်ဘူး ။ငါ နမ်းခဲ့ဖူးတဲ့ မေးဖျားလေး အဲ့မိန်းမကရော ချစ်စနိုးထိတွေ့ခဲ့ဖူးမှာပေါ့နော် ။
နင့်ခြေသည်းတွေ ရှည်လာတဲ့အခါ အဲ့မိန်းမကိုပဲ ညှပ်ခိုင်းပေါ့ ။ နင်နဲ့ငါက ဆိုင်မှ မဆိုင်တော့ပဲ ။
အဲ့မိန်းမကို မချစ်ခဲ့ပါဘူးတဲ့လားဒေစီယာ ။ဒါဆို ငါ့ကိုရော ချစ်ခဲ့ဖူးပါသလား ။
ငါ့မှာလည်း အရူးလိုပဲ ။ နင့်ကို ဒေါသထွက်ရင်းပဲ ငါ့နေ့တွေကို ကုန်ဆုံးနေရတယ် ။ နင်မရှိရင် ငါရှိနိုင်မှာ မဟုတ်လို့ နင့်ကိုတွေးရင်း ငိုရင်း ဒေါသထွက်ရင်း နင့်ကိုပဲ ကြည့်နေရတယ် ။
နင် နမ်းခဲ့ဖူးတဲ့ ငါ့နှုတ်ခမ်းကတော့ ခြောက်သွေ့အက်ကွဲနေတယ် ။ နင်မရှိတဲ့ဆောင်း ငါ့အတွက် မအေးတော့ဘူး ။
အဆက်အစပ်က မရှိဘူး ။
ဒါပေမယ့် ငါ တကယ်အထီးကျန်နေတာပါ ။ ဟိုးအရင်က....... ဟိးုအရင်ကအတိုင်းပဲ

YOU ARE READING
ဒစေီယာ
Non-Fictionငါ ထွက်မပြေးပါဘူး ဒေစီယာ......... နင်လဲ လိုက်ဖမ်းစရာ မလိုပါဘူး ။ ဒီတိုင်း နင်နဲ့ မနီးချင်ရုံပါ။