Hwarang(1)

1.4K 108 19
                                    

ရှီလာကိုအုပ်ချူပ်နေတဲ့မိဖုရား ဂင်ထယ်ယွန်း

သူမ၏ သားဖြစ်သူ ဘုရင် ဂင်ထယ်ယောင်း
ဘုရင်ရဲ့ မျက်နှာကို ဘယ်သူမြင်ဖူးလဲ မေးရင်
ဘယ်သူမှမမြင်ဖူးကြဘူး ဘာလို့လဲဆိုတော့
သူမက ဘုရင်ဂင်ထယ်ယောင်းကို အခုထိမရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်လို့ မြင်နေတာကြောင့်ပဲ
အဆင့်မြင့်အမတ်ကြီးတွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို
မအန်တုနိုင်မှာ သူမစိုးရိမ်နေခဲ့တယ်

ရှီလာရဲ့ အရင်မင်းကြီးဖြစ်သူ ဘုရင်ဂင်ထယ်ယောင်း၏အဖေ
နတ်ရွာစံသွားတုန်းက အမတ်ကြီးတွေက
တော်လှန်ပုန်ကန်ဖို့ လုပ်ခဲ့ကြတယ်
ထိုအချိန်က ဘုရင်ဂင်ထယ်ယောင်း အသက်၈နှစ်တုန်းကပေါ့

မိဖုရားက နောက်ဆုံးမျိုးဆက် ဘုရင်ဂင်ထယ်ယောင်းကို
ကာကွယ်ဖို့အတွက် အိုဖာ ဆိုတဲ့ဘုရင့်ကိုယ်ရံတော်ကို
ဘုရင်ဂင်ထယ်ယောင်းကို ရှီလာနိုင်ငံကနေ
ခေါ်ထုတ်သွားစေပြီး အနောက်တိုင်းဘက်သွားပြီး
ပညာသင်ယူစေခဲ့တယ်

တစ်ချို့ပြည်သူတွေက ဘုရင်ကိုဘာလို့ပုန်းနေတာလဲလို့
အချင်းချင်းမေးကြတယ် ဘယ်သူကမှ ဘုရင်ကို
မမြင်ဖူးတဲ့အတွက် ဘုရင်က သူရဲဘောကြောင်လို့
ရုပ်ဆိုးလို့ ခါးကုန်းနေလို့ လို့
တွေးချင်ရာတွေး ထင်ချင်ရာထင်ကြတယ်
မြင်ဖူးသည်ရှိရင်လည်း ထိုလူဟာ
အသက်ပျောက်ရသည်လေ

ခုဆိုရင် ဘုရင်ဟာ အသက်၂၃နှစ်ပြည့်တော့မယ်လေ
ဒါကြောင့် သူ ရှီလာကို တိတ်တဆိတ်ပြန်လာခဲ့တယ်
မိဖုရားကတော့ ဘယ်ကျေနပ်မလဲ
သူမသားတော် တစ်ခုခု ဖြစ်မှာ
စိုးရိမ်တာပေါ့ ထိုစိုးရိမ်မှုကို သူမသားတော်က
သူမက သူ့ကို မုန်းလို့လို့ထင်နေချင် ထင်လိမ့်မယ်
အမှန်တကယ်တော့ သူမကသူ့ကို
လက်ရုံးရည် နှလုံးရည် ပြည့်ဝပြီး
အများက လေးစားရလောက်အောင်
ပြည်သူချစ်တဲ့ ဘုရင်ကောင်း ဘုရင်မြတ်ဖြစ်စေချင်တာ
ဘုရင်ဂင်ထယ်ယောင်းသိပါ့မလား

မျက်နှာမှာတော့ ရက်စက်မှုတေ အ ပြည့်နဲ့ မိဖုရား.....

_________________

"မိဖုရားကြီး ဖာအိုဆီက စာပါ"

စစ်သူကြီးMinက မိဖုရားဆီ ထိုစာကိုချပေးလိုက်တော့
မိဖုရားဂင်က ထိုစာကိုဖတ်ရင်း ဆွဲချေပလိုက်တယ်

HwarangWhere stories live. Discover now