Hwarang(2)

729 82 10
                                    

Jeon JungKook point of view~

ကျွန်တော်လည်း ငွေစနည်းနည်းများ ပါလာမလား
ဆိုတဲ့ ရည်မှန်းချက်ဖြင့် ဟိုစမ်း ဒီစမ်း လိုက်ရှာနေတော့တယ်
ခန္တာကိုယ်အနှံ့ ရှာပြီးပေမယ့် ငွေစကိုလုံးဝရှာမတွေ့ခဲ့ဘူး
အရှေ့မှာ ဆိုင်ရှင် ဘိုးတော်ကြီးက
စိတ်ပျက်သွားကြည့်နေသည်လေ
ကျွန်တော်လည်း ယုန်သွားနှစ်ချောင်းလေးနဲ့ ပြန်ပြုံးပြလိုက်ပြီး

"ဦးလေး😁😁 နောက်မှ ရှင်းလို့ရလား"

လို့ပြောပြီး ကိုယ်လိုချင်လို့ ယူထားတဲ့ ခရမ်းရောင် ပန်းအိတ်ကိုယူလိုက်တော့
ဆိုင်ရှင်ကပြန်ဆွဲယူသွားလေသည်

"အား...စိတ်ပုပ်ကြီး😒😒"

"မရဘူး  သခင်လေး ဂျောင်းဂု ဟိုးအရင်တစ်ခေါက်က အကြွေးကောမဆပ်ရသေးဘူးလေ"

"ဟား... ဦးလေးကလည်း မနက်ဖြန် ပြန်ဆပ်မယ်လေနော်
အဖေက မုန့်ဖိုးမပေးသေးလို့ပါ မရဘူးလား "

သနားစရာ မျက်လုံးလေး အမူအရာလေးတွေနဲ့
မြုဆွယ်တော့ ဆိုင်ရှင် ဦးလေးထိပ်ပေါင်ကြီး အရည်ပျော်ပြီလေ
ဂျောင်းဂုတို့ တော်ချက်😎😎

"ဒါဆိုလည်း မနက်ဖြန် လာဆပ် မဟုတ်ရင် သခင်လေးရဲ့ အဖေဆီသွားရလိမ့်မယ်
လွန်ခဲ့တဲ့ ၅ရက်တုန်းက ခရားအိုး ငွေ ၅စ
လွန်ခဲ့တဲ့ ၄ရက်တုန်းက ဆေးသုတ်တံ မှင်ချောင်း ငွေ ၁၀စ
လွန်ခဲ့တဲ့ ၃ရက်တုန်းက အလှဆင်ပန်းအိုး ငွေ ၁၅စ
လွန်ခဲ့တဲ့ ၂ရက်တုန်းက ဖိနပ်ပျောက်သွားလို့ဆိုပြီး ဖိနပ်တစ်ရံ ငွေ၁၀စ
အခု အမွှေးနံ့သာပန်းအိတ် ငွေ ၂စ
အားလုံးပေါင်း ၄၂စ ပေးရမှာနော်"

အလိုက်ကန်းဆိုးမသိဘဲ စာရင်းလာတွက်ပြနေတဲ့ ထိပ်ပေါင်ဘိုးတေ်
ဘေးကလူတွေက ကြည့်နေကြပြီလေ
အား ရှက်လိုက်တာ

(An_အကြွေးယူတုန်းကတော့ ယူထားပြီးတော့😂)

"ဆပ်မှာပေါ့ ဦးလေးကလဲ ဟီး ဟီး ကျွန်တော်ယူထားတဲ့ဟာလေး ပေးပါအုန်း"

ဆိုပြီး ပန်းအိတ်ကိုဆွဲယူတော့ ဦးလေးကပြန်ဆွဲတယ်လေ
အားမလျော့လဲ ကိုယ်လည်းပြန်ဆွဲတော့
ဟိုက ထပ်ဆွဲပြန်တယ်
မျက်စောင်းထိုးပြီး ထပ်ဆွဲလိုက်မှ လွှတ်ပေးတော့
ဂျွန်ဂျောင်းဂု ကြမ်းပြင်နဲ့ နောက်စေ့နဲ့ မိတ်ဆက်ရပြီလေ

HwarangWhere stories live. Discover now