"အယ် ကြည့်ပါဦး သတို့သား နှစ်ယောက်လုံးက အချောလေးတွေပဲ"
"Mr.Park တို့ကတော့ဗျာ သားချောလေးတွေ ပိုင်ဆိုင်ရတော့မယ်"
"ဟယ် ဒီပုံလေး ကြည့်ပါဦး ဘယ်လောက်တောင် အသက်ဝင်လိုက်လဲ တစ်ယောက်ကို တစ်ယောက် ကြည့်တဲ့ အကြည့် လေးတွေက"
ချီးကျူးသံမျိုးစုံကို ကြားနေရတာပါ။Omma တို့များ ဘာစိတ်ကူး နဲ့ pre-welding တုန်းက photo တွေကို ခန်းမ ရှေ့မှာ ထောက်တိုင်လေးတွေ နဲ့ ထောင်ထားလဲ မသိဘူး လာသမျှ လူတိုင်းက ဘယ်လို ချစ်ဖို့ကောင်းတာ ဘယ်လို ကြည်နူးဖို့ကောင်းတာနဲ့😒😒
အာ့လို ပုံကောင်းကောင်းထွက်ဖို့ ဒီက Park ChanYeol လေး ဘယ်လောက်ထိ ဒုက္ခ ခံလိုက်ရတယ် ဆိုတာ သူတို့ မသိဘူး😥😥ကျွန်တော်တို့ နျှောက် နဖူးချင်း ထိပီး ရယ်နေတဲ့ ပုံလေး ရိုက်တုန်းကဆို နဖူးချင်း ထိတာ ဖြေးဖြေး ထိလည်း ရတာကို အနှီပေါက်စ နပမ်းပွဲရောက်နေတယ် အောင့်မေ့နေလားမသိဘူး ကျွန်တော် နဖူးကို တိုက်ချလိုက်တာများ ကြယ်တွေလတွေတောင် မြင်ရတယ် 😵😵
နောက် ကျွန်တော်တို့နျှောက် နှုတ်ခမ်း ချင်း ထိပီး နမ်းတဲ့ပုံ အာ့ပုံရိုက်မယ်ဆိုတော့ သူက ကျွန်တော့်အရပ်ကို မမှီဘူးတဲ့လေ ဘယ်မှီမတုန်း စားသမျှ အစားက အရပ်ထွက်မလာဘဲ ဘေးကို ကားထွက်နေတာကိုးး😪😪
အာ့ဒါနဲ့ ကျွန်တော် က ငုံ့ပေးမယ်ဆိုတော့လည်း မဟုတ်ရဘူး သူအောက်က ခုံခုပေးမယ် ဆိုတော့လည်း လက်မခံဘူး နောက် ကျွန်တော့်ခြေထောက်ကို အပေါ်ကနေ တက်နင်းပီး ခြေဖျားထောက် နမ်းတယ်တဲ့လေ ခင်များ လေး တို့ပဲ စဉ်းစားကြည့် ဒီဝက်ပေါက် တစ်ကိုယ်လုံးကို ကျွန်တော့ ခြေချောင်းလေးတွေက ဘယ်လို လုပ်ခံနိုင်မလဲ😤😤
သူက ကျွန်တော့ ပါးကို နမ်းတဲ့ ပုံရိုက်တော့လည်း ပါးကို မနမ်းဘဲ နားရွက်ကို လာကိုက် နေတာ စဉ်းစားကြည့်ဗျာ သူအာ့လိုတွေ လုပ်နေတာ ရှေ့မှာ PaPa တို့ ရှိနေတော့ ကျွန်တော်မှာ မပြုံးမပျက် နေနေရတာ 😑😑
YOU ARE READING
Yoda Vs Puppy
Fanfiction"Puppy Baek..... Puppy Baek တွေ့လို့ကတော့ကွာ ဟင်းး ဟင်းးး" ဒေါက် "Arrrrrrr Oma ဘာလို့ခေါက်တာလဲ" "Park Chan မင်းက ငါ့သားငယ်ကို အနိုင်ကျင့်မလို့လား" - - - - -"Yoda ကြီး ဆေးထိုးတယ်ပေါ့လေ BaekBaek အကြောင်း ပြရသေးတာပေါ့" ဖြန်းးး "Arrrr Appa ဟင့် " "B...