"ViVi"
". . ."
"ViVi ah~"
". . ."
"Yah! ViVi လာပါဆို"
". . ."
အဖက်လုပ်မခံရခြင်းသည် လွန်စွာခံရခက်
လှ၏။ခေါ်နေသည်ကို မလာသည့်အပြင် လှည့်တောင်
မကြည့် ခွေအိပ်နေလေတော့ အနားလာ
အောင် အစာနဲ့သာ မျှားဖို့ရှိတော့သည်။
သူ စားနေကြဖြစ်တဲ့ snackထုပ်လေး
သွားယူလာခဲ့တော့ Sehunအား ပထမဆုံး
အကြိမ် ခေါင်းထောင်လို့ကြည့်လာသည်။
မကြာ ခေါ်စရာတောင်မလို လုံးတုံးတုံးနဲ့
အနားရောက်လာလေတော့ Sehun ဟက်ခနဲ
ရယ်လိုက်မိရ၏။Ting!
#Sehunnieရေ pubgကစားမယ်#
ဝင်လာသည့်messageကိုမြင်တာနဲ့ Sehun
ViViအား မုန့်ကျွေးနေသည်ကိုရပ်ကာ
အမြန်အထုပ်သိမ်းလို့ လက်သွားဆေးဖို့
ပြင်ရတော့သည်။
ဝသေးပုံမရသည့် ViViကတော့ Sehun
သွားလေရာ တကောက်ကောက်လိုက်၍
ရှုပ်တော့၏။"ViVi ငါမအားသေးဘူး. . လိုက်မရှုပ်နဲ့
သွား"လမ်းကောင်းကောင်းလျှောက်မရအောင်
လိုက်ရှုပ်နေသည့်ViViအား ကွေ့ပတ်
ကျော်ခွရင်း ဖုန်းစီပြေးရ၏။ချက်ချင်းတောင် replyမပြန်လိုက်ရဘူး. .
Sehun ဖုန်းအားကောက်ယူမည့်စဲစဲ
ringtoneသံတိုးတိုးပျံ့လွင့်လာသည်နဲ့အတူ
ခေါ်ဆိုသူက Luhan hyung. .ဒီညgameအတူတူဆော့ကြဖို့ချိန်းထားတာ
ချက်ချင်းreplyမလာတော့ ဖုန်းဆက်လာသည်
ထင်သည်။"Xiao Lu~ ကျွန်တော်. ."
"Sehunnie မအားလို့လား? မအားရင်
နောက်နေ့. ."ဘာမှတောင်မပြောရသေး သူထင်ချင်ရာ
တွေထင် ဖြတ်ပြောလာသည့်Hyungအား
Sehunလည်း ဆုံးအောင်ပြောခွင့်မပေး
ဖြတ်ပြောရတော့၏။"ဘာမှမနောက်နေ့ဘူး. . ကျွန်တော်
အားတယ်. . လက်ဆေးနေလို့ နည်းနည်း
ကြာသွားတာ. . ဆော့မယ်""Okay Okay. . Hyungနဲ့ အမြဲတူတူသာတွဲ
ဆော့Sehunလည်း ပိုကျွမ်းလာပါလိမ့်မယ်""အတူတူဆော့ချင်ရင် ဆော့ချင်တယ်
ပြောပါ Luရာ""အဟမ်း မင်းကလည်း"