Chapter 3 ❤️

3.3K 217 3
                                    

ဒီနေ့ scriptဖတ်ပြီး workshopဆင်းရမှာမို့ Aeတစ်ယောက် မနက်အစောကထဲက နိုးနေပီး တက်ကြွနေတော့သည်......
စိတ်ထဲတွင်လဲ ကြည်နူးနေတော့သည် လေလေး တချွန်ချွန်နဲ့ ရွှင်လန်းနေလေသည်.....
(သူ Peteနဲ့ တွေ့ရတော့မည် မဟုတ်လား)

Gunnတစ်ယောက် Aeကို နှိုးရန် အခန်းထဲဝင်လာစဉ် မျက်လုံးပင်ပြူးးသွားရသည် .....
ဟာ Ae နိုးနေပီလား ....... ထူးဆန်းလိုက်တာ

အာာ Pကလဲ မထူးဆန်းပါဘူးဗျ ... ဒီလိုပဲ အစောကြီးနိုးနေလို့ကို ....

Gunnလဲ ခေါင်းကုတ်လျက်
အေးပါ.....မင်းနိုးနေတော့လဲ မနှိုးရတော့ဖူးပေါ့ ကဲ လာလာ .... မနက်စာ စားမယ် ပြီးရင် သွားကြမယ်....

Yes sir....လုံးဝ တက်ကြွနေသော Aeရဲ့ အသံ
Gunnလဲ ကြောင်နေသည်မှ တပါး တခြားမတွေးမိ (ဒီထဲမှာလဲ P Gunnသည် အူ နိုလို ကြောင်တောင်တောင်လေးပင်ဖြစ်သည်)
                   ***          ***

Peteရေ သွားဖို့ အဆင်သင့်ဖြစ်ပီလားး.....
Kla ၏ အသံ

ဟုတ် P အဆင်သင့်ပါပဲဗျ

နေဦး Pမှာဦးမယ် တခါထဲ ဟိုရောက်ရင် directorစကားကိုလဲ သေချာနားထောင် အလုပ်ကိုလဲ သေချာလုပ်နော်.......
ပြီးတော့ တစ်ဖက်က မင်းသားက ကိုယ့်ထက် နာမည်ကြီးတော့ .....သူ့ကိုလဲ လေးစားဆက်ဆံ ကြားလား.....

ဟုတ်ကဲ့ P ....

ပြီးတော့ အလုပ်လုပ်နေစဉ်ကာလအတွင်း ဘာရှုပ်ယှက်မှ မကြားချင်ဖူး ..... အေဂျင်စီနဲ့လဲ စာချုပ် ချုပ်ထားတာ သိတယ်နော်

ဟုတ်ကဲ့ပါ p သိပါတယ်

ပြီးရော အဲ့တာဆိုသွားကြမယ် ....

Peteတစ်ယောက် klaရဲ့ သတိပေးစကားတွေ နားထောင်နေရပေမဲ့ စိတ်ထဲတွင်တော့ ပျော်နေလေသည် မပျော်ပဲ မနေနိုင် ဘယ်ရှိမလဲ သူအကြိုက်ဆုံး မင်းသားနဲ့ တွဲသရုပ်ဆောင်ရတော့မယ်လေ 😍 အကြိုက်ဆုံးမင်းသားဆိုတာထက် crushနေရတဲ့ မင်းသားဆို ပိုမှန်လိမ့်မယ် Aeအနုပညာလောကထဲ ခြေစချပြီး TVကြော်ညာတွေ ရိုက်ကထဲက အလွန်ပင်ကြိုက်နှစ်သက်ခဲ့ရလေခြင်းဖြစ်လေသည် Aeရဲ့ Fan Meetingပွဲတွေလဲ သွားကြည့်ဖြစ်ခဲ့သည် Aeကတော့ သိမည်မဟုတ်.............

Silent love ❤️  (Completed) Zaw gyi + UnicodeWo Geschichten leben. Entdecke jetzt