Chapter 17 ❤️

2K 176 39
                                    

Peteတို့အိမ်.....

Klaတစ်ယောက် အိမ်ရောက်တော့ ပိုက်ဆံအိတ် လဲရန် အိတ်ထဲမှ ပိုက်ဆံများကို ထုတ်လိုက်သည်.....

ပိုက်ဆံကြားထဲမှ တစ်စုံတစ်ခု ကြမ်းပြင်သို့ ပြုတ်ကျ သွားလေသည်.....

ဒေါက်..

Klaလဲ အထူးအဆန်း အဲ့ ပစ္စည်းလေးကို ကောက်ယူလိုက်သည်...

ထိုပစ္စည်းမှာ လော့ကတ်လေးပင်ဖြစ်သည်..

Heart ပုံစံလေးပေါ်တွင် "G" ဟူသော စာလေး ထွင်းထားသည်....

ဟင်...ဒါ ငါ့ ပစ္စည်းလဲ မဟုတ်ပါဖူး...ဘယ်သူ့ဟာပါလိမ့်....

ငါ့ပိုက်ဆံအိတ်ကိုလဲ ဘယ်သူမှ မကိုင်....အမ်..

အတွေးမဆုံးသေး...သူ တစ်စုံတစ်ရာကို ဖျက်ခနဲ သတိရသွားသည်....

ဟင်...Gunnဟာများလား...
ထိုစဉ် ဖုန်းဝင်လာသည်...

တီ..တီ..တီ..(ph ringing)

ဟင်..Gunnဆီက😮

Hello... klaညင်သာစွာ ဖုန်းဖြေလိုက်သည်..

Hello..Kla ဟိုဘက်က Gunn အသံကလဲ ချိုသာ တိုးညှင်းစွာ ထွက်ပေါ်လာလေသည်...

ခုဆို...Kla တွေ့ပြီးလောက်ရောပေါ့...

အမ်....ဘာကိုလဲ Gun

Kla...အိတ်ထဲက လော့ကတ်လေးလေ...

အဲ့ဒါ....Gunnဟာလား...ဘယ်လိုဖြစ်ပြီး ပါလာတာလဲဟင်...

ပါလာတာမဟုတ်ဖူးး...Kla..ကို ထည့်ပေးလိုက်တာ...

ဘာဖြစ်လို့လဲ.....

Heart ပုံစံလေးက ကို့ အသဲနှလုံးလေးကို ကိုယ်စားပြုတယ်...Gလေးကတော့ ကို့နာမည် အစ စာလုံးလေးပေါ့....ကို့ အသဲနှလုံးလေးကို Klaဆီမှာ အပ်နှံထားချင်လို့ပါ....

ဟင်...Gun...

Klaတကယ်မထင်မှတ်ထားသောစကားကြောင့် ဆွံ့အ အံ့သြမှင်သက်သွားလေသည်...တချိန်ထဲမှာပင် ရင်ခုန်သံတွေလဲ မြန်လာသည်...

Kla... Kla ဘာလို့ ငြိမ်သွားတာလဲ .. တစ်ခုခုပြောဦးလေ....

Gun...တကယ်ပြောနေတာလား...

လုံးဝ seriousပါ Klaရယ်... Klaမယုံရင်လဲ ကို့မှာ ပြောပြဖို့ အချက်တွေ ရှိပါတယ်...

Silent love ❤️  (Completed) Zaw gyi + UnicodeOnde histórias criam vida. Descubra agora