Part (1)

3.5K 144 15
                                    

" ဝုန်း " " အား "

" ခင်ဗျား ဘယ်လိုလမ်းလျှောက်နေတာလဲ "

" ကျနော် တောင်းပန်ပါတယ် ခင်မျ
မမြင်မိလိုက်လို့ပါ "

ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းထားပြီး
Mask အုပ်ထားတဲ့ လူက
သူ့ရှေ့က လဲကျသွားတဲ့
လူအားဆွဲထူ၍ ပြောလိုက်သည်...

" ခင်ဗျား မမြင်ရအောင် ခင်ဗျားက ... "

" ဟာ... ဟိုမှာ ဟိုမှာ "

ထိုချိန် အနောက်မှ အသံတစ်သံနဲ့အတူ
လူအုပ်ကြီးပါ ပြေးလာတယ်

" Shit..."

Mask နဲ့လူမှာ သူ့ရှေ့ကလူရဲ့ လက်ပါ
ဆွဲပြီး ပြေးပါတော့တယ်

" ခင်ဗျား ဘာလုပ်တာလဲ အခုချက်ချင်း
လက်ကို လွှတ် "

" မင်း မသေချင်ရင် ပါးစပ်ပိတ်ထားပြီး
မြန်မြန်ပြေး "

" ဟေ့ကောင်တွေ မြန်မြန်လိုက်
မလွှတ်စေနဲ့ "

အနောက်က အသံတွေကြောင့်
Mask နဲ့လူမှာ အရှိန်ပိုတင်လိုက်တယ်

အခန်းတခန်းကိုတွေ့တော့
တံခါးလက်ကိုင်ကို ဖွင့်လှည့်ပြီး
အခန်းထဲ ဝင်နေလိုက်တယ်

" ခင်ဗျား "

" ရှူး "

Mask နဲ့ ကောင်လေးက ပြောလိုက်တော့
သူ့ရင်ခွင်ထဲ ရောက်နေတဲ့
အရှေ့က ကောင်လေးမှာ
ငြိမ်နေလိုက်ရတယ်

" ဒီနားမှာပဲ ပျောက်သွားတာ
သေချာရှာကြ "

" Yes sir "

တော်တော်ကြာမှ Mask နဲ့ကောင်လေးက
ဘေးက နံရံကို လက်ထောက်ပြီး

" သူတို့ ထွက်သွားပြီထင်တယ် ဟူး....
မောလိုက်တာ "

ထိုအခါ အရှေ့က အနှီကောင်လေးက

"ခင်ဗျား နောက်ကို
သူတို့က ဘာလို့ လိုက်လာကြတာလဲ "

" ငါ့ကို လိုက်ဖမ်းတာလေ "

" ဒါဆို ခင်... ခင်ဗျားက ရာဇဝတ်သားလား
သူခိုးလား ဓားပြလား ဒါ...ဒါ..မှမဟုတ်
လူသတ်သမားလား "

Mask နဲ့လူမှာ သူရှေ့က
ကောင်လေးက အမျိုးမျိုးပြောပြီး
ချဖို့ လက်ဟန် ခြေဟန်တွေပါ
လုပ်နေတော့ ခပ်ဟဟ ရယ်မိလိုက်သည်

" ခင်ဗျား ဘာရယ်တာလဲ "

Mask နဲ့ကောင်လေးက Mask ကို
ဆွဲချွတ်လိုက်ပြီး ဦးထုပ်ပါချွတ်လိုက်တယ်
ပွနေတဲ့ ဆံပင်တွေကို လက်နဲ့
သပ်လိုက်တယ်

" ကဲ ကြည့် ငါ ဘယ်သူလဲ ဆိုတာ "

" ဘယ်သူလဲ "

" မင်းငါ့ကို တကယ်မသိဘူးလား "

" ဟင့်အင်း မသိဘူး ခင်ဗျားက
ဘယ်သူမို့လို့လဲ "

ကောင်လေးမှာ ကိုယ့်နဖူးကိုယ်သာ
ပြန်ရိုက်ချင်သွားတယ်
သူ့လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ
နာမည်ကြီး Celebrity တစ်ယောက်ကို
မသိဘူးဆိုတော့ ...

" ကဲ ထားလိုက်တော့ ကိုယ့်နာမည်က
Perth  မင်းနာမည်ကကော "

" အခုမှ စမြင်ဖူးတဲ့ လူတစ်ယောက်ကို
ကို့နာမည်ကို မပြောပြနိုင်ပါဘူး "

" Haha ဟုတ်ပါပြီ ကလေးဆန်လိုက်တာ "

" ဟိုလူတွေလဲ သွားပြီဆိုတော့
ကိုသွားတော့မယ် နောက်မှ
ထပ်တွေ့ကြတာပေါ့ ကလေးလေး "

Perth ဆိုသောလူမှာ
သူ့ရှေ့က အနှီကောင်လေးရဲ့ဆံပင်ကို
လက်နဲ့ ဖွ၍ ရယ်ပြီး
တံခါးကို ဆွဲဖွင့်၍ ထွက်သွားလေပြီ

တံခါးနောက်ဘက်မှာ ကျန်ခဲ့သော
အနှီကောင်လေးမှာ Perth ဆိုသောလူရဲ့
ကလေးလေးလို့ ခေါ်သွားတာကြောင့်
ဒေါသထွက်ပြီး ကျန်ခဲ့နေလေရဲ့...
ဒါပေမယ့်လဲ မသိစိတ်တစ်နေရာမှာ
Perth ဆိုသော လူရဲ့ အပြုံးလေးကို
စွဲလမ်းသွားလေရဲ့...

^ToBeContined...^

If u give me a chanceWhere stories live. Discover now