Perth မှာ Fan sign ပွဲ တစ်ပွဲရှိနေ၍
Volley လို့ခေါ်တဲ့ Venue ထဲ
ရောက်နေလေသည်" Perth ရေ အဆင်သင့်ပြင်ထားတော့နော်
ခဏနေ ပွဲစတော့မှာ "
manager မှ လှမ်းသတိပေးသံကြောင့်
အရှေ့က မှန်ကို လှမ်းကြည့်ပြီး
ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင်
ပြင်လိုက်သည်" Fighting Perth 💪
U can do it "ခဏနေတော့ ပွဲစတော့မည်ဆို၍
လာခေါ်သောကြောင့် နားနေခန်းမှထွက်၍ စင်နောက်သို့ ထွက်ခဲ့လိုက်သည်စင်မြင့်ပေါ်တက်လိုက်သည်နှင့်
အောက်က ပရိတ်သတ်များထံမှ
အော်သံတွေကို ကြားနေရသည်Fan sign ပွဲဆိုသည့်အတိုင်း
တစ်ယောက်ပြီး တစ်ယောက်
လက်မှတ်ထိုးပေးလိုက်
စကားပြောလိုက် ဓာတ်ပုံရိုက်ပေးလိုက် လက်ဆွဲနှုတ်ဆက်လိုက်နဲ့
ပွဲပြီးတဲ့ အချိန်ကို ရောက်လာခဲ့လေပြီအားလုံးပြီးသွားတဲ့အချိန်မှာ
မတ်တပ်ရပ်လိုက်ပြီး" ဒီနေ့လာရောက်ပေးကြတဲ့ ကျွန်တော့
ပရိတ်သတ်တွေ အားလုံးကို
ကျေးဇူးတင်ပါတယ်နော်
ကျွန်တော့်ကို ချစ်ပေးကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်❤️"စင်ပေါ်ကနေ
လက်အုပ်ချီနှုတ်ဆက်လိုက်ပြီး
စင်အောက်သို့ ဆင်းလာခဲ့လိုက်သည်စင်အောက်ရောက်တော့
Manager မှ" Perth တစ်ခါတည်းပြန်တော့မလား "
" အင်း P' ပြန်တော့မယ်
ကျွန်တော် ပင်ပန်းနေပြီ အိမ်ပြန်နားချင်ပြီ "" အဲ့ဒါဆို Perth ကားပေါ်မှာ
သွားစောင့်နေ P' ပစ္စည်းတွေ သိမ်းပြီး
လာခဲ့မယ် အရင်တခါလိုတော့
ထွက်မပြေးနဲ့နော် P' အဲ့တုန်းက
မင်းအဖေရဲ့ ဆူတာကို
တော်တော်ခံခဲ့ရတာကွ
မင်းသာ နောက်တခါ ပျောက်သွားရင်
P' သေမှာ "" ဟုတ်ကဲ့ပါ P' ရဲ့ ကျွန်တော်
ထွက်မပြေးပါဘူး ကားထဲမှာပဲ
စောင့်နေပါ့မယ် "Perth လဲ Mask ကို အုပ်လိုက်ပြီး
Earphones ကို နားမှာ တပ်၍
Venue ထဲမှ ထွက်လာလိုက်သည်
ကားကို လိုက်ရှာတော့ ဟောတွေ့ပါပြီ
သစ်ပင်ဘေးမှာရပ်ထားလေရဲ့
ကားဆီသွားနေတုန်း
နောက်က တခုခုနဲ့ ဝင်တိုက်တာ
ခံလိုက်ရလေရဲ့
