Close

5.3K 333 34
                                    

          
Zawgyi version

Hann

Ep ~ 10

ဘောင်းဘီအိတ်​ထောင်​ထဲက Alam က
မရပ်​မနား ဆက်​တိုက်​ တုန်​ခါပြီးမြည်​နေသည်

မြည်​ဆို J  ကိုယ့်​အကြောင်းကိုယ်​သိလို့
မကိုင်​မချင်း မရပ်​အောင်​လုပ်​ထားတာ
ဘာလို့လဲ ဆိုတော့
အချိန်​တန်​ရင်​ အိမ်​ပြန်​ရမည်​လေ

မပြန်​လို့မှမဖြစ်​တာ
အမြဲတမ်း ခိုးပြီးထွက်​နေကျပဲ.....

အခုလဲ အိမ်​ပြန်​ဖို့  Ph လေးက
ဆူညံစွာ သတိပေးနေလေပြီ

ဒါဆိုရင်​ မနက်​ ၄နာရီ ရှိနေပြီပဲ

ဘယ်​လောက်​ပဲ မူးအောင်​သောက်​သောက်
အိမ်​ကိုတော့ ရောက်​အောင်​ပြန်​လာရသည်

J က လွပ်​လပ်​နေသူ တစ်​ယောက်​မှ မဟုတ်​တာ

J အိပ်​ချင်​မူးတူးနှင့်​ ထလိုက်​သည်

ချက်​ချင်းထ လို့ မရတာကြောင့်
ဘေးဘီဝဲယာကို ကြည့်​လိုက်​သည်

Ahhh....သူရှိနေတာပဲ
သူ J ရဲ့ခါးလေးကို လာဖက်​ထားပြီး
ဘေးမှာ ခွေခွေလေး လာအိပ်​နေတာ

J သူ့ပါးပေါ်မှာ ၀ဲကျနေတဲ့
ဆံစလေးတွေကို သပ်​တင်​ပေးလိုက်​ပြီး
သူ့ရဲ့ပါးလေးကိုကိုင်​ကြည့်​လိုက်​၏

သူ အနည်းငယ်​လှုပ်​သွားပြီး
J ရဲ့ လက်​ချောင်းတွေကသူ့နှုတ်​ခမ်းလေးနှင့်
ထိမိသွားသည်

Ahhh....မနေ့ကလို ခံစားမှုမျိုး
J ရဲ့ အသွေးအသားတွေ ထုံကျဉ်​သွားသည်

" လွန်​ခဲ့တဲ့ နာရီပိုင်းလောက်​က သူ ပြောခဲ့တယ်

ချစ်​တယ်​မပြောသေးပဲ နမ်းလို့ရတယ်​တဲ့ ....

ဒါဆို နောက်​တစ်​ခေါက်​လောက်
ကိုယ်​ ထပ်​ နမ်းခဲ့မယ်​ Babe

မင်းမသိပေမဲ့လို့ပေါ့ ...."

J သူ့ရဲ့ နီရဲရဲ အောက်​နှုတ်​ခမ်းလေးကို ငုံ့ နမ်းလိုက်​သည်

ထပ်​ပြီး အသွေးအသားတို့က ထုံကျဉ်​သွားပြန်​၏

" Andwe....ငါတော့မရတော့ဘူးပဲ
ဘာဖြစ်​နေတာပါလိမ့်​.....
သူ့ခန္ဓာကိုယ်​မှာ
အဖိုဓာတ်​များနေတာလား အမဓာတ်​များနေတာလား
ငါ့ဆီမှာရော ဘာဓာတ်​များနေတာလဲ
သူ့ဆီမှာများ လျှပ်​စစ်​ဓာတ်​တွေ စီးနေသလားပဲ
ထိလိုက်​တိုင်း ဓာတ်​လိုက်​ခံနေရသလိုပဲ
ငါကပဲ ဘာတွေဖြစ်​နေတာလဲ "

HANN -Season~1 ( Complete)Zaw+UniWhere stories live. Discover now