Bae

5.3K 366 31
                                    

   
Zawgyi version
.
.

      Hann

Ep ~ 13

ကြီးကျယ်​ခမ်းနားလွန်းတဲ့ အိမ်​ကြီးရဲ့
အနောက်​ဘက်

အိမ်​အကူတွေ
ဈေးဝယ်​ထွက်​တဲ့ အပေါက်​ဘက်​ကနေ
J ph ခေါ်လိုက်​သည်
ယုံကြည်​ရတဲ့ ကောင်​မလေးက
တံခါးကို အသံမမြည်​အောင်​ လာဖွင့်​ပေးသည်

" အခြေအနေ ဘာထူးသေးလဲ "

ထိုကောင်​မလေးက ခေါင်းရမ်းပြသည်

J ...ဘောင်းဘီထဲက Dollor တစ်​ထပ်​ကို
ထိုကောင်​မလေးကို ထုတ်​ပေးလိုက်​ပြီး
မိမိ အခန်းရှိရာဆီသို့ တက်​လာခဲ့လိုက်​သည်

အခန်းထဲရောက်​မှ J သက်​ပြင်းရှည်​ကြီးချလိုက်​ပြီး

အင်္ကျီအ၀တ်​အစားလဲလိုက်​၏

အင်္ကျီချွတ်​နေရင်းနဲ့
ပုခုံးပေါ်က နာနေသေးတဲ့ Tattooလေးကို
မှန်​ထဲကနေ လှမ်းကြည့်​လိုက်​သည်​.....

ပြီးတော့ ကိုယ်​နှုတ်​ခမ်းလေးကိုလဲ
ဲပြန်​ကိုင်​ကြည့်​လိုက်​၏

လွန်​ခဲ့တဲ့ မိနစ်​ပိုင်းလေးလောက်​ကမှ
သူ့နှုတ်​ခမ်းတွေကို နမ်းထားတဲ့
မိမိရဲ့နှုတ်​ခမ်းပါးလေး......

အနမ်းတွေကို စဉ်းစားလိုက်​မိတာနဲ့
J တစ်​ကိုယ်​လုံး ထုံကျဉ်​သွာသည်

ဒီလို ဆန်းသစ်​တဲ့ခံစားမှုကို
အရူးအမူးစွဲလမ်းနေမိနေပြီလားတောင်​မသိ

အခုချက်​ချင်းတောင်​ ပြန်​ပြီး
သွား နမ်းချင်​နေလောက်​သည်​အထိ
စွဲလမ်း နေမိသည်

သူ့နှုတ်​ခမ်းလေးက တစ်​ကယ့်​ကို
ရူးရူးမူးမူး စွဲဆောင်​လွန်းသည်

အနမ်းလေးနဲ့တောင်​ ဒီလောက်​ဆွဲဆောင်​နေတာ
တစ်​ခြားဟာဆိုရင်​....??

ကိုယ်​ရူးတော့မယ်​ထင်​တာပဲ BABE....!!

နောက်​တစ်​ခါဆိုရင်
ကိုယ်​တို့ အနမ်းတွေကို ကျော်​လွန်​ကြည့်​ချင်​တယ်
BABE !!

________________________________

J....Ph gallary ထဲက
Close ဆိုတဲ့ စာသားဘေးက
Ph ..no ကို အတင်းဖြဲကြည့်​ပြီး
ထို No...လေးကို
contact ထဲ Babeလို့ မှတ်​ထားလိုက်​သည်

HANN -Season~1 ( Complete)Zaw+UniWhere stories live. Discover now