(Part-14)

1.5K 105 75
                                    

"G-Gwench-"

သူမအဆင်‌‌ပြေပါတယ်‌ဟု ‌ပြောလိုက်‌စဉ်‌ ရုတ်‌တရက်‌ လက်‌တစ်‌ဖက်‌က Tzuyuလက်‌‌မောင်းကို ဆွဲလိုက်‌ပြီး ‌နောက်‌တစ်‌ဖက်‌က သူမကိုတွန်းလိုက်‌‌သော လူတစ်‌‌ယောက်‌‌ကြောင့်‌  စကားပင်‌ဆုံး‌အောင်‌ မ‌ပြောလိုက်‌ရဘဲ ‌မြေပြင်‌‌ပေါ်သို့ပုံလျက်‌သား လဲကျသွားရ‌လေသည်‌....

Tzuyu သူမElkieကိုဖက်‌၍ ထိန်းထား‌ပေး‌နေစဉ်‌ ရုတ်‌တရက်‌ လက်တစ်ဖက်က‌‌‌Elkieကိုတွန်းလိုက်‌ပြီး ‌နောက်‌လက်‌တစ်‌ဖက်‌ဖြင့်‌ သူမလက်‌ကိုလာဆွဲ‌သော‌ကြောင့်‌ ထိုလူကို သူမလှည့်‌ကြည့်‌မိလိုက်‌ချိန်‌တွင်‌ အလွန်‌အံ့သြသွားရပြီး
မျက်‌၀န်းအစုံက ပြူးကျယ်‌၀ိုင်းစက်‌သွားရသည်‌.... ထို့‌နောက်‌ နှုတ်‌ဖျားဆီမှ အထစ်‌ထစ်‌အ‌ငေါ့‌ငေါ့နဲ့ ထွက်‌လာသည့်‌နာမည်‌က.....

"S-Sana Unnie..."

*********
<Twice Dorm>

"အင့်‌!Unnie..."

လက်‌ကိုခပ်‌တင်းတင်းဆုပ်‌ကိုင်‌၍ ဆွဲ‌ခေါ်လာကာ ရုတ်‌တရက်‌ တွန်းလိုက်‌‌သော‌ကြောင့်‌ Tzuyu Sofa‌ပေါ်သို့ လဲကျသွားပြီး ညည်းညူသံပင်‌ထွက်‌လာခဲ့ရသည်‌.....

နာကျင်‌သွား‌သော လက်‌ကို အသာအယာဖိနှိပ်‌ရင်း သူမနားမလည်‌နိုင်‌စွာ ‌မော့ကြည့်‌မိလိုက်‌သည်‌.....

"Unnie!ဘာဖြစ်‌တာလဲ...ဘာလို့Tzuကို ဒီလို...."

"ပါးစပ်‌ပိတ်‌ထားစမ်း....Chou Tzuyu...ဘာမှထပ်‌မ‌ပြောနဲ့....နင်‌‌ပြောတာ‌တွေ ငါဘာမှမကြားချင်‌ဘူး..."

သူမ‌ရှေ့တည့်‌တည့်‌မှာ ရှိ‌နေ‌သော Sana unnieရဲ့
ပြတ်‌သားလှ‌သော ‌လေသံ‌ကြောင့်‌ သူမ‌ပြောမည့်‌စကားတို့ပင်‌ ဆွံ့အသွားရ‌လေသည်‌....

ယခင်‌က ကြားလိုက်‌ရသည်‌နှင့်‌ နားထဲသို့ စမ်း‌ရေစီးသည့်‌နှယ်‌ ငြိမ့်‌‌ညောင်းစွာ ၀င်‌သွား‌သော အသံနှင့်‌တခြားစီပင်‌......

ယခု‌လေသံက ‌ကြောက်‌စရာ‌ကောင်း‌လောက်‌‌အောင်‌ တင်းမာ‌နေ‌လေသည်‌...

ဟန်‌မြစ်‌က‌နေ လက်‌ကိုဆွဲ၍ ‌ခေါ်လာ‌သော်‌လည်း သူကသူမကိုကား‌ပေါ်တွင်‌ မည်‌သည့်‌စကားတစ်‌ခွန်းမှမ‌ပြောဘဲ အံကိုသာတင်းတင်းကြိတ်‌ကာ အ‌ဆောင်‌ပြန်‌‌ရောက်‌သည်‌အထိ နှုတ်‌ပိတ်‌‌နေခဲ့သည်‌‌လေ..

There's Nothing Like Us[SaTzu]Where stories live. Discover now