Namjoon:jiminရေ ဒီကုတင်ပေါ်မှာလာလှဲလိုက်။Jimin:hyung ဘာလုပ်လို့မလဲ။
Namjoon:kookieမပြောထားဘူးလား
Jimin:ဘာမှမပြောထားဘူး hyung။jeon jungkook မင်းဘာလုပ်နေတာလဲ။နည်းနည်းပါးပါးပြောပြဦး။
Jungkook:အခုတော့မပြောသေးဘူး။ကိုယ့်ဘာသာကြည့်တော့။namjoon hyung အစီအစဉ်အတိုင်းစမယ်။
Namjoon:အေးပါကွာ။
ထိုအချိန်တွင် jiminအား jungkookကချုပ်ထားလိုက်ပြီး namjoonကစတင်၍jimin ခေါင်းမှစ၍ ပတ်တီးစ၍စီးပါသည်။jimin ညွှတ်ကွင်း၌မိနေသော သမင်ငယ်ပမာ ရုန်းနေသော်လည်း အနောက်ကယုန်ဗလကြောင့် ရုန်းသမျှအားတို့ အရာမထင်ခဲ့ပေ။နောက်ဆုံး namjoon၏နောက်ဆုံးပေါ် ပတ်တီးfashionကြောင့် jiminတစ်ယောက် mummyဖြစ်သွားလေသည်။
Jungkook:jimin ရေ။namjoon hyungစည်းပေးထားတဲ့ ပတ်တီးက မင်းနဲ့အရမ်းလိုက်တာပဲ။
Jimin:ဝူးဝူး ဝါးဝါး
Jungkook:namjoon hyungရေ လုပ်ပါဦး။mummyက လူရိုင်းဘာသာစကားပြောနေတယ်။
Namjoon:kookieရေ။hyungတို့ နောက်တစ်ဆင့် ဆက်ပြီးတက်မယ်။ဟိုမှာ jiminလည်း နေရင်းထိုင်ရင်း mummyဖြစ်နေပြီ။
Jungkook:ဟုတ်ကဲ့ hyung။ဒါဆို hyungကjiminကိုကုတင်ပေါ်တင်လိုက်။ကျွန်တော်က ဘိုးတော်ကို သွားပင့်လိုက်ဦးမယ်။
ထိုအချိန်တွင် "ဘိုးတော်"ဟူသော အသံကြားရုံဖြင့် mummyအဖြစ်ဘဝပြောင်းနေသူ jiminသည် ပါးစပ်ကတဝူးဝူး တဝါးဝါးဖြင့် အော်နေပြီး ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်နေသည်။
ယုန်ဗလ ထွက်သွားပြီး သိပ်မကြာခင်မှာပင် jimin၏နားသို့ ရင်းနှီးမှုရှိနေသော နွေးထွေးလှသည့်ကိုယ်ငွေ့၊စွဲမက်ဖွယ်ကောင်းသည့်ရေမွှေးနံတို့ဖြင့် လူတစ်ယောက်ဘေးနားသို့ရောက်ရှိလာသည်။jiminတစ်ယောက် စိတ်ရှိတိုင်းသာဆို ထိုလူသားအား မျက်စိလေး မှေးသွားအောင် ပြုံးပြပြီးစကားလေးများပြောချင်မိသည်။သို့သော် namjoon hyungက မလှုပ်ရှားရန်ပြောထားသည်သာမက ရှက်စရာကောင်းလှသာ ပတ်တီးလူသား ဖြစ်နေသည်။အကယ်၍ mummyအဖြစ်ခဏနေ၍ ကိုယ်မြတ်နိုးသူ၏အချစ်ကိုရရှိနိုင်မယ်ဆိုလျှင် jimin ထိုအချိန်ခဏလေးကို သည်းခံပြီးမနေနိုင်စရာမရှိပေ။ကိုယ် ရည်းစားရရန် ကူညီပေးနေသူ ကကိုယ့်ရဲ့ပြောမနာဆိုမနာဖြစ်သူအပြင်၊ကိုယ်ကသူ့ရဲ့ပြောမနာဆိုမနာဖြစ်သည့် jungkookသည် အမြဲတမ်းရန်ဖြစ်နေပေမဲ့ ကိုယ့်ကို min yoongiဆိုသည့်ထောင်ထဲသို့ ပုဒ်မ(1500)ဖြင့် ထည့်ချင်နေသူဖြစ်သည်။ဒါကြောင့်လည်း jungkookပြောသမျှကို jimin မျက်စိမှိတ်ယုံကြည်ကာ လိုက်လုပ်နေခြင်းဖြစ်သည်။အခုအချိန်မှာတော့ jungkook၏အစီအစဉ်အတိုင်းဖြစ်ဖို့ ဆုတောင်းနေရုံမှလွဲ၍မရှိတော့ပေ။