မနက်ခင်း ဆောင်းလေညှင်းလေးက j-hopeအိပ်နေသော အခန်းရဲ့ပြတင်းပေါက်ကိုဖြတ်ပြီး တဖြူးဖြူးတိုက်ခတ်နေသည်။နေမင်းကြီးရဲ့တမန်တော် နေရောင်လေးများကလည်း သေချာစွာမထွန်းလင်းနိုင်ဘဲ ဖျော့တော့တော့ဖြစ်နေသည်။ထိုအခွင့်အရေးကို အခွင့်အလမ်းအဖြစ် ဆောင်းရာသီရဲ့တမန်တော်များက ပတ်ဝန်းကျင်တွင် အလှပြသည့်အနေဖြင့် ချမ်းစိမ့်မှုကိုဖြစ်ပေါ်နေစေသည်။
ထိုချမ်းစိမ့်မှုသည် j-hopeကို ပိုပြီးအိပ်ချင်စိတ်ဖြစ်အောင်ပြုစားနေသည်။သို့သော် သဘာဝနှိုးစက်ဟုခေါ်ဆိုနိုင်သည့် စာကလေးဌက်ကလေးများရဲ့တွန်မြည်သံသည် မာယာရှင်မွေ့ယာ၏ညို့ငင်မှုကို ဖြေဖျောက်ပေးနေသည်။j-hopeလည်း အိပ်ရာမှထကာ အိမ်ရှေ့ ဝရန်တာသို့ထွက်၍ မျက်စိလေ့ကျင့်ခန်းလေးလုပ်နေမိသည်။ထို့နောက် taehyungကို ပူဆာထားသော အကြောင်းကို သတိရမိသွားသည်။ထို့နောက် taehyungကို သွားနှိုးဖို့စဉ်းစားမိသည်။J-hope:taehyungရေ။ထတော့။seoulမြို့အနှံလိုက်ပို့ပေးရမယ်လေ။
J-hopeတစ်ယောက်အော်ခေါ်နေသော်လည်း taehyungအခန်းထဲမှ ဘာအသံမှမကြားရပေ။တံခါးဖွင့်ကြည့်လိုက်သောအခါ taehyungမရှိပေ။taehyungစက်ဘီးစီးထွက်သွားသည်ကို j-hopeသိလိုက်သည်။ taehyungပြန်လာလျှင် အဆင့်သင့်ဖြစ်နေစေရန် ရေမိုးချိုးရန်ပြင်ဆင်လိုက်သည်။J-hope hyungကို အိမ်မှာတစ်ယောက်တည်းထားပြီး စက်ဘီးစီးထွက်လာခဲ့မိသည်။j-hope hyungမနှိုးလောက်သေးဟု ထင်သောအတွေးဖြင့် စိတ်ဖြောင့်ဖြောင့်ထွက်လာခြင်းဖြစ်သည်။ဟန်မြစ်ဘေး မနက်ခင်းစက်ဘီးစီးထွက်ရသောခံစားချက်သည် ဘယ်အရာနှင့်မျှမလဲနိုင်။လွတ်လပ်သည်။အေးချမ်းသည်။ပေါ့ပါးသည်။ထိုခံစားချက်များကို j-hope hyungကိုခေါ်လာကာ ခံစားစေချင်မိသည်။
J-hope သည် ကိုရီးယားနိုင်ငံသားဖြစ်သော်လည်း အသက် ၇နှစ်နှစ်လောက်ကတည်းက LA မှာသွားနေပြီး ကိုရီးယားကို တစ်ခါတစ်လေမှသာ ရောက်ဖြစ်တော့သည်။j-hope ကိုရီးယားမှာရှိတုန်းက j-hope က သူရဲ့ကစားဖော်ကစားဖက်၊သူနှိပ်စက်တာမှန်သမျှခံပြီး အလိုလိုက်တဲ့သူဖြစ်သလို သူတို့နှစ်ယောက်ပေါင်းပြီး မျောက်ကျပုံများကို စဉ်းစားမိကာ taehyungတစ်ယောက် အလိုအလျောက်ပြုံးမိသွားသည်။