Chapter (2)

4K 318 6
                                    


[Unicode]


ကျောင်းစဖွင့်ပြီး နှစ်ပတ်ကျော်ခန့် အကြာတွင် ပထမနှစ်ကျောင်းသားအားလုံးကို majorခွဲပေးလေသည်။ Architecture ကို ကျောင်းဝင်ခွင့်လျှောက်လွှာ၏ ပထမ ဒုတိယ တတိယ ဦးစားပေးသုံးခုလုံး၌ ရေးခဲ့သည့်သုတက Archi ကျောင်းသား ဖြစ်လာခဲ့သည်။'Transformerတွေလုပ်မယ်'ဟု အမြဲကြွေးကြော်နေတတ်သော အောင်နိုင်နှင့် တွေ့သမျှ ဖြုတ်ချင်တပ်ချင်နေသော သီဟအောင်ကတော့ ယောကျာ်းလေးများအရွေးများသည့် Mechanicalကို ရောက်သွားသည်။ကျောင်းတွင်ရှိသမျှ Major အားလုံး အစဉ်လိုက်ချရေးလိုက်သောရန်ငြိမ်းကတော့ EC ကျောင်းသား ဖြစ်သွားလေ၏။

major ခွဲအပြီး ဌာနကိုယ်စီသို့ အခန်းပြောင်းကာ တက်ရသည့်အချိန်မှာတော့ သူအနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ရှားရှားပါးပါးခင်မိသော သူငယ်ချင်းသုံးယောက်ကလည်း မေဂျာမတူကြတော့ တစ်ကိုယ်တည်းဖြစ်သွားပြန်သည်။

'Department of Architecture'

ကျောင်း၏ချောင်ကျကျနေရာတွင်ရှိသော ပုပုပြားပြားတစ်ထပ်ဆောင်လေးတွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကို ကြည့်ကာ သုတချောင်းတစ်ချက်ဟန့်လိုက်သည်။ဒီနေ့က သူစိတ်ကြိုက်ရွေးချယ်မိခဲ့တဲ့အရာတစ်ခုဆီ ပိုမိုနီးစပ်အောင် တိုးဝင်ရမည့်နေ့ဖြစ်နေတော့ စိတ်တော့အနည်းငယ်လှုပ်ရှားနေမိသည်။

Compund ခန်းမှာကတည်းက အနည်းငယ် မျက်မှန်းတန်းမိနေသော ကျောင်းသားတစ်ချို့ ဝင်သွားကြသည့် first year စာသင်ခန်းသို့ ဝင်လိုက်ချိန်တွင် လူတော်တော်များများက နေရာယူပြီးနေပြီဖြစ်သည်။ကျောင်းသားဦးရေက လေးဆယ်မျှသာရှိသော်လည်း ကြိုကြားကြိုကြားနေရာယူထားမှုကြောင့် နေရာအလွတ်တို့က သိပ်မကျန်တော့။အတန်းဝမှတစ်လှမ်းချင်းလျှောက်လာနေခဲ့ရင်းမှာပင် နောက်ဆုံးခုံဆီမှ နေရာလွတ်လေးတစ်ခုကို တွေ့လိုက်ရသောကြောင့် သူပျော်မိသွားရသည်။

ဟင် ...ဟို ငကြောင်ကောင်...

ရှားရှားပါးပါးရှာတွေ့သော ခုံလေးမှာထိုင်နေသူက မမျှော်လင့်ထားသူတစ်ယောက်။ပထမဆုံးကျောင်းတက်ရက်ပြီးကတည်းက ပျောက်ချက်သားကောင်းနေသော မျက်မှန်ကောင်သည် တွေ့ရပြန်တော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ပင်။သူထိုင်မည့်ခုံ၏အစွန်းတစ်ဖက်မှာ အခန့်သားထိုင်လျက်သား။

The last sunshine we touched [Completed]Where stories live. Discover now