Chapter (12)

2.4K 211 20
                                    

[Unicode]


"နည်းပညာတက္ကသိုလ် မန္တလေး သွေးလှူ ပွဲ"
Main building တွင် ချိတ်ဆွဲထားသော Vinyl နှင့်အတူ အဖြူအနီဝတ်သူနာပြု ဆရာမများက ဟိုဟိုသည်သည် လှုပ်ရှားသွားလာနေကြသည်။ဟန်ဝေနှင့်သုတတို့လည်း ကျောင်းမှာလုပ်သော သွေးလှူပွဲဆိုသည့်အရာကို လာစူးစမ်းနေကြတာဖြစ်သည်။

"ဟန်ဝေ"

"အင်း"

"သွေးတွေက ငါ့ဆို့ဆီကဖောက်ထုတ်ပြီး ဆေးရုံကို သယ်သွားကြတာမလား"

"အင်း သွေးသွင်းဖို့ လိုတဲ့သူရှိရင် ဆေးရုံသယ်သွားမှာပေါ့ ကျန်တာတော့ သိမ်းထားကြမှာပေါ့"

"သွေးလိုနေတဲ့လူနာတွေအတွက်ဆိုတော့ မင်းကကော သွားလှူ မှာလား"

"လှူမှာပေါ့ကွ ငါ့သွေးနဲ့ အသက်တစ်ခုကယ်လိုက်နိုင်တယ်ဆို ငါကုသိုလ်ရတာပေါ့"

ဟန်ဝေ၏စကားကို သုတက ထောက်ခံသလိုနှင့် ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။

"အဲ့တာဆို လှူ ကြမယ်ကွာ …ငါကောလှူမယ်"

ထို့နောက်တော့ သူတို့နှစ်ယောက်လုံးသွေးလှူ ဖို့ကို စာရင်းပေးလိုက်ကြသည်။လှူသည့်အဆင့်မရောက်မှီမှာပင် ဖြည့်ရသည့်စာရွက်တွေက မနည်းမနောဖြစ်သည်။

"ကဲ သားတို့ ဒီခုံတွေပေါ်မှာ လှဲလိုက်နော်"

စာရွက်မှာ လိုအပ်တာတွေ ဖြည့်ပေးပြီးသည်နှင့် အနီဝတ်သူနာပြု ဆရာမကြီးတစ်ဦးက သူတို့ကို ပက်လက်ကုလားထိုင်လေးတွေပေါ်မှာ လှဲနေဖို့ ပြောလိုက်သည်။

သုတက ဟန်ဝေ့ဘေးကခုံမှာ ဝင်လှဲလိုက်ရင်း
"တကယ်လုပ်တော့မယ်ဆိုတော့လည်း စိတ်လှုပ်ရှားဖို့တော့ ကောင်းသားပဲ"
ဟု ခပ်တိုးတိုးရေရွတ်သည်။

ဟန်ဝေက ဘာမှပြန်မပြောပဲ မျက်နှာကြက်ကိုသာ ငေးကြည့်နေမိ၏။ထို့နောက် သူ့အနားကိုတိုးကပ်လာသော သူနာပြုဆရာမကြီး၏လက်ထဲမှ တစ်စုံတစ်ရာကြောင့် မျက်လုံးအစုံပြူးကျယ်သွားရသည်။

ဘုရားရေ...

သွေးဖောက်မည့် အပ်အရွယ်အစားက သူထင်ထားသည်ထက် အဆများစွာကြီးနေခဲ့သည်မဟုတ်ပါလား...။

The last sunshine we touched [Completed]Where stories live. Discover now