ပန်းခြံတစ်ခုရဲ့မြက်ခင်းစိမ်းတွေပေါ်မှာရယ်မော
နေတဲ့ စုံတွဲလေးတစ်တွဲ........ပြေးလွှားပြီးဆော့နေကျတာ တကယ့်ကလေး
တွေအတိုင်း......မျက်စိရှေ့မြင်နေရတဲ့မြင်ကွင်းကြောင့်နှလုံးသားတစ်ခုလုံးဆုပ်ချေခံထားရသလို မွန်းကြပ်
နာကြင်နေတယ်။မင်းပျော်နေတာကိုကြည့်ပြီး
ဝမ်းသာမပေးနိုင်တာငါ့ကိုခွင့်လွှတ်ပါ.....သူ့အလိုလိုကျဆင်းလာတဲ့မျက်ရည်တွေကို
တားလို့မရ။ဘာအပြစ်တွေရှိခဲ့လို့များ ဒီလိုအပြစ်
ပေးခံနေရသလဲ ကျွန်တော်မသိဘူး။ကိုယ်သိပ်
ချစ်ရတဲ့သူကတခြားတစ်ယောက်နဲ့ကြည်နူးနေ
တာကိုကြည့်ပေးနေရတဲ့ငါ့အဖြစ်က ရက်စက်
လွန်းနေတယ်......ဒါပေမယ့်ငါကျေနပ်ပါတယ်...မင်းသူ့အချစ်ကိုရ
ခဲ့လို့ပျော်နေတယ်မလား Myung.....
ဒီလောက်ဆိုလုံလောက်ပြီလေ ငါ့အတွက်မင်းပျော်ရင် ရပြီမို့လို့.....
.
.
.
ရုတ်တရက်ကျွန်တော့်ကိုလှည့်ကြည့်လာတဲ့သူ့
ကြောင့်မျက်ရည်တွေကိုခပ်မြန်မြန်ဖုံးကွယ်လိုက်ရသည်။ကျွန်တော်ထိုင်နေတဲ့ဆီကိုဦးတည်ပြန်လာကျတဲ့ Myung နဲ့သူ့ကောင်မလေး....ဟုတ်ပါတယ်...လွန်ခဲ့တဲ့တစ်လလောက်ကပဲ
Myung.. Han Soo Raဆီကအဖြေရခဲ့တယ်
လေ.....အင်းးးကျွန်တော်ကိုယ်တိုင်ကူညီပေးခဲ့
တာလေ သူ့ကိုကတိပေးခဲ့တာမို့လို့......"Jin Woo ahh..မင်းမျက်လုံးတွေနီနေတယ်
ဘာဖြစ်တာလဲ"အနားကိုရောက်လာကာဘေးမှာထိုင်ရင်းမေး
လာတဲ့Myungကြောင့်"အင်းးးး ခဏကမျက်လုံးထဲအကောင်ဝင်သွား
လို့ပါ...""အဆင်ပြေရဲ့လား...."
အရှေ့မှာထိုင်ချရင်းမေးတဲ့Soo Raကိုခပ်ဖွဖွပြုံး
ပြလိုက်ကာ"အဆင်ပြေပါတယ်...Myung ahh...ငါအရင်
ပြန်နှင့်မယ်""ဘာလို့လဲ?"
အလိုမကျသလိုပြောလာတဲ့Myungကြောင့်
"ငါ......"
YOU ARE READING
ASTRO Fanfiction(Request)💕
Fanfictionနဒီ့ ရဲ့readers တို့အတွက်ဖန်တီးထားတာလေးပါ... ကိုယ်ဖတ်ချင်တဲ့ OTP နဲ့ လိုချင်တဲ့ type လေးကို message boxကတစ်ဆင့်requestလာလုပ်လို့ရပါတယ်... only ASTRO ပေါ့နော်💕💕