My Hot Appa & His First Love

2K 188 18
                                    


My Hot Appa n His First Love PT3
Sehun ❤️Jongin
🐥❤️🐻

ကားတံခါးကိုဖွင့်ပေးလိုက်ရင်း လက်ကလေးထွေးဆုပ်ကိုင်ကာ ကိုယ်လုံးနွေးနွေးလေးကို ရင်ခွင်ထဲ ပွေ့ပိုက်ထားလိုက်တယ် ဘေဘီက ရင်ခွင်ထဲကနေ မျက်နှာလေးမော့လို့ မေးစေ့လေးကိုနမ်းတယ်
"အဲဒီလို မေးဖျားလေးကိုလှမ်းလှမ်းနမ်းတဲ့ ကောင်လေးကို ကိုယ်လွမ်းနေတာ အနမ်းလေးတွေကိုကောပဲ ချစ်တယ် ဘေဘီ ကျေးဇူးပါ ကိုယ်ကိုပြန်လက်ခံပေးလို့ပါ"

"အောင်မယ် ဘယ်သူကလက်ခံလို့ လဲ အဲဒီလို မရပါဖူးနော် သေသေချာချာ ချစ်ရေးပြန်ဆိုပါ Sehun cci"
"Nae စိတ်ချပါ NiNi cci"

Sehun ပြန်မယ့်အရေး မပြန်နိုင်သေး သူမပြန်ရဲဖူးဖြစ်နေတာ သူ့ ချစ်သူလေး ကိုခုမှ ပြန်ပိုင်ဆိုင်ရတာဆိုတော့မနက်ဖြန်ရောက်ရင်ပျောက်သွားမှာစိုးနေတာ Jongin မျက်နှာလေးကို ငေးကြည့်ရင်း

"NiNi ကိုယ်လေ babe ကိုယ်ရှေ့ကနောက်တကြိမ် ပျောက်သွားမှာ ကိုကြောက်နေတယ် "

"Hun ရယ် "

Jongin မျက်ဝန်းလေးထဲ ငေးကြည့်ရင်း နဖူးလေးကိုနမ်းရင်း
"ကိုယ် စိုးရိမ်းနေတာ ကိုဘေဘီ သိတယ်မလား"

Jongin သူကို တချက်စိုက်ကြည့်ရင်း "hun ရယ် nini ကိုယုံနော် NiNi က ဒီနေရာမှာပဲအမြဲနေတော့မှာ " သူ့နှလုံးသားရှိရာ ဘယ်ဖက် ရင်အုံလေးကို လက်ကလေးထိတွေ့ပုတ်ပြရင်း ပြောတဲ့ ကောင်လေး ချစ်စရာသိပ်ကောင်းတယ် လို့Sehun တွေးမိရင်း

"GoodNight ဘေဘီ ပင်ပန်းသွားပြီ တနေကုန်အစည်းအဝေးနဲ့ ကိုယ်နောက်ကိုလိုက်ရတာ နားတော့ နော် အိမ်ရောက်ရင် msg ပို့လိုက်မယ် မနက်ကျဖုန်းဆက်လိုက်မယ် "
"ဖုန်းနံပါတ်ရှိ???"
"ကိုယ်က ဘေဘီနဲ့ပတ်သပ်ရင် အမြဲအနောက်မှာ ရှိနေတာမို့ ဘေဘီအကြောင်းကိုအကုန်သိပါတယ် ကိုယ့်ဘေဘီလေး"

ဖြန်းကနဲ နီသွားပြန်တဲ့ ပါးပြင်လေး Sehun ဖွဖွနမ်းရင်း "ဝင်တော့ဘေဘီ ဘေဘီကားကို ကိုယ် ပြန်ပို့ခိုင်းထားတယ်"

ကား ကော လို့မေးတော့မယ်ဆဲဆဲ Jongin ပါးစပ်ကလေးပိတ်သွားရတယ်
အင်း အရင်အတိုင်းပါပဲ ဂရုစိုက်တတ်တာတွေက ဘာမှမပြောင်းလဲသေးဖူး

My Hot Appa and His First Love(SeKai Version)Where stories live. Discover now