My Hot Appa & His First Love PT5
Sehun ❤️Jongin
🐥❤️🐻ရင်ခွင်ထဲက အနွေးထုပ်လေး ကို ပွေ့ဖက်လိုက်တယ် သူမခွဲချင်ဖူး
ကလေးကို အခွင့်အရေးယူလိုက်သလိုဖြစ်သွားတာကြောင့် ကိုယ်ဘာသာ အပြစ်တင်မိတယ်အိပ်နေရာကနေ ဟိုဖက်ကို လှည့်သွားတဲ့ ဘေဘီ ကျောပြောင်လေးပေါ်မှာ အနီကွက်ကလေးတွေကခရမ်းရောင်ကိုပြောင်းနေတာကြောင့် သက်ပြင်းချလို့ Sehun ထလိုက်တယ် စောင်လေးခြုံပေးလို့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်တယ်
ရေချိုးခန်းထဲဝင်လို့ ရေမိုးချိုးကာ အပြင်ထွက်လာတော့ ဘေဘီက မျက်နှာလေးရှုံမဲ့နေကာ ထထိုင်ဖို့ကြိုးစားနေတာကြောင့် Sehun babeနား ခပ်မြန်မြန်သွားကာ ဆွဲထူလို့ သက်တောင့်သက်သာ ထိုင်လို့ရအောင် အခုအခံလေးတွေလုပ်ပေးလိုက်တယ်ရင်ခွင်ထဲကကောင်လေးကတော့ ရှက်လို့ မျက်နှာလေးကို ဖွက်ထားတယ်
"ဘေဘီ good morning နော် ကိုယ်ချီမယ် နော် လန်းသွားအောင် ရေချိုးလိုက်နော်"
Jongin ခေါင်းလေးငြိမ့်လိုက်တယ် မော့ကြည့်လိုက်တော့ morning kiss ဆို ပေးလာတဲ့ hun ရဲ့နဖူးပေါ်ကအနမ်လေး
ရေချိုးခန်းထဲရေနွေးနွေးလေး လုပ်ထားပေးကာ မျက်နှာသစ် သွားတိုက်ဖို့ လုပ်ပေးရင်း
"ချိုးတော့နော် အင်္ကျိက ကိုယ်အင်္ကျီထုတ်ပေးထားမယ် "
ရေချိုးပြီးထွက်လာတော့ အခန်းက သပ်သပ်ရပ်ရပ်ဖြစ်နေကာ ကုတင်ပေါ်မှာ အင်္ကျီ ဘောင်းဘီလေး
Hun ရှပ်အင်္ကျီ အပွကြီးသာကောက်စွပ်ပြီး အောက်ကချည်ဘောင်းဘီတိုလေး ရှာဝတ်လိုက်တယ်
အခန်းပြင်ကို ထွက်လာတော့ မီးဖိုမှာ ကြက်ဥကြော်နေတဲ့ hun က လှည့်ကြည့်တယ်
"လာ ထိုင်"
ခုကြမှ Jongin ဝတ်ထားတဲ့ ဘောင်းဘီတိုလေးကိုမြင်သွားတဲ့ hun က
"ဘေဘီ ကိုယ်စိတ်မခိုင်ဖူးနော် အရှည်ထုတ်ပေးထားတာကိုကွာ အေးနေမှာပေါ့ကွာ"
"ဟင့်အင်း မဝတ်ချင်ဖူး "
"အဆိုးလေး ကဲသဘော လာထိုင် ဖြေးဖြေးထိုင်အုန်း မုန့်လေးအရင်စား ပြီးရင်ဆေးသောက်ရမယ်နော် နာနေတယ်မလား ကိုယ်က ထိန်းရမှာကိုကွာ "