"ဟာ!!!ဒီတစ်ခါလည်း ဒီစင်ပေါ်ရောက်ပြန်ပြီလား??"
အလိုမကျသံနဲ့ ခပ်စူးစူးသေးသေးထွက်လာတဲ့ အသံကြောင့် ထိုအသံလာရာ မျက်နှာချင်းဆိုင်ကို Chanyeol စာအုပ်ဖတ်နေရာကနေ လှမ်းကြည့်လိုက်မိသည်...။
သက်တူရွယ်တူကောင်လေးနှစ်ယောက်က Best Seller စာအုပ်တွေထားတဲ့ စင်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ငြီးတွားနေကြခြင်း...
ထိုသို့ဆိုပြန်တော့လည်း..နှစ်ယောက်လုံးက စိတ်ပျက်နေကြသည်မဟုတ်...နှစ်ယောက်ထဲက တစ်ယောက်ကသာ စိတ်ပျက်စရာအကောင်းဆုံး မြင်ကွင်းကို မြင်လိုက်ရတဲ့ဟန်နဲ့ စင်ပေါ်ကိုကြည့်နေခြင်းသာ...
"အမြင်ကတ်စရာကောင်ပဲ..ထွက်သမျှ စာအုပ်တိုင်းက တန်းပြီးဒီစင်ပေါ်ရောက်တာ.."
ရင်ဘတ်အလယ်နေရာမှာ Supremeတံဆိပ်ပါ မီးခိုရောင် hoodieဝတ်ထားတဲ့ ခပ်သေးသေးဖွေးဖွေးကောင်လေးက စာအုပ်စင်ပေါ်က စာအုပ်ကိုလှမ်းယူရင်း မကျေမနပ်ထပ်ပြောလာတာကြောင့် သူ့ယူလိုက်တဲ့ စာအုပ်ကို Chanyeol လိုက်ကြည့်မိတာက ကိုယ့်အမှားပင်...။
အနက်ရောင်အောက်ခံပေါ်မှာ ကျောပေးရပ်နေတဲ့ ကောင်လေးတစ်ယောက်သာပါတဲ့ အဖုံးဒီဇိုင်းနဲ့ ဝတ္ထုစာအုပ်တစ်အုပ်....
ရှုံ့ကာမဲ့ကာနဲ့ စာအုပ်လေးကို ဖင်ပြန်ခေါင်းပြန်လှည့်ကြည့်နေတဲ့ ကောင်လေးကို ကြည့်ပြီး Chanyeolသဘောပေါက်လိုက်သည်က...
ဒီကောင်လေးသည် သူ့anti fanတစ်ယောက်သာ...
"Loey Park...!ကြီးကြီးကျယ်ကျယ် စာရေးဆရာ.."
တစ်ခါမှမကြားဖူးသည့် သတ်မှတ်ချက်တစ်ခုကို ကြားလိုက်ရသည်ကြောင့် Chanyeol မျက်ခုံးအစုံပင့်လိုက်မိသည်..။
"Loeyက သဘောကောင်းတဲ့ စာရေးဆရာပါ..မင်းကလည်း..ဘယ်မှာကြီးကျယ်လို့လဲ..??"
သဘောကောင်းသည်..ဟု ကိုယ့်ကို သတ်မှတ်ပေးလာသည့် ကောင်လေးဆီ Chanyeolအကြည့်တစ်ချက်ပို့ပြီး ခပ်ပါးပါးပြုံးလိုက်ပေမယ့် စာအုပ်တွေခင်းထားတဲ့ ၆ပေကျော်ပတ်လည်စားပွဲကြီးရဲ့ တစ်ဖက်စွန်းက ကောင်လေးနှစ်ယောက်ကတော့ အခြားတစ်ဖက်စွန်းက သူ့ကို သတိထားမိဟန်မတူပါ...။
VOUS LISEZ
HardCore(HC) [ZawGyi + UniCode]
Fanfiction11:11 day for 2018 နှစ်တိုင်း ကိုယ် တန်ဖိုးထားမြတ်နိုးနေမယ့် ချစ်စရာနေ့လေးတစ်နေ့အတွက် အမှတ်တရဖြစ်စေမယ့် ကောင်လေးတစ်ပုဒ်ကို ဒီချစ်စရာနေ့လေးမှာ အသက်သွင်းပေးလိုက်မိတယ်...