င်းနောက်ကို ကောင်လေးတစ်ယောက်နောက်ယောင်ခံလိုက်နေသလိုပဲ Jongin "
နောက်သို့ မသိမသာ မျက်ဆံလေးအား ထောင့်ကပ်ကာ ကြည့်မိတော့ ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းထားသော လူငယ်။ ဒီလို လူသွားလူလာများတဲ့ လမ်းမကျယ်ကြီးမှာ သူလိုကိုယ်လို သွားလာသူတွေမှ နည်းတာမှမဟုတ်တာ...
" မဟုတ်လောက်ပါဘူးကွာ မင်းကလည်း"
ကျနော့ရဲ့ ခပ်အေးအေး ပြောစကားကြောင့် Baekhyunက နှာခေါင်းရူံ့သည်။ နုတ်ခမ်းပါ အနည်းငယ်မဲ့ရင်း...
" ကြည့်လုပ်နော် အခုခေတ်က ပြောရတာမဟုတ်ဘူး မင်းကို ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ "
ခပ်ဆောင့်ဆောင့် ပြောသံလေးကြောင့် ကျနော် ခပ်တိုးတိုး ရယ်မိသည်။ ဘယ်လိုကြောင့် ကျနော်လို ပြန်ပေးဆွဲမယ်လို့ ထင်ရတာလဲ။
ကျနော်သည် ချောမောပြီး ကောက်ကြောင်းလှသော မိန်းမပျို တစ်ယောက်လည်းမဟုတ်ဘူး။ဖွေးဖွေးဖြူနေသော အသားရေကို ပိုင်ဆိုင်ထားသူလည်းမဟုတ်ပါ။ အဆုံးစွန်ပြောရရင် တိုနန့်နန့် ဆံပင်ရယ် ညို့စိမ့်စိမ့်အသားအရေရယ် ဒေါင်ကောင်းသော ယောက်ျားစစ်စစ်ကြီး တစ်ယောက်ဖြစ်သည်။ ဒေါင်ကကောင်းဆို ဘေးနားကနေ အတူယှဉ်လျှောက်နေသည့် Baekhyunတောင် ကျနော့လောက်မှ အရပ်မရှည်ပဲကိုး။
"ရယ်..ရယ်သိလား..ကောင်စုတ်..မင်းသာ ပြန်ပေးစွဲခံရရင် မင်းကို ဘယ်သူကယ်မလဲပြော "
သူ့စကားအား မတုံ့ပြန်ပဲ ပြုံးရင်းသာ နောက်ကကောင်လေးဆီသို့ ခဏလှည့်ကြည့်မိသည်။ Baekhyunပြောသလို ကျနော့နောက် တစ်ကယ်ပဲ လိုက်နေတာများလား။
ကျနော်လှည့်ကြည့်လိုက်ချိန် ထိုကောင်လေးက ဦးထုပ်လျှာအား လက်ဖြင့်အသာအုပ်ကိုင် လိုက်သောကြောင့် မျက်နှာတစ်ဝက်ခန့်က မည်သို့မျှမတွေ့ရတော့။ ထို့ နောက် ဘေးဘက်က ကော်ဖီဆိုင်ထဲသို့ ၀င်သွားသည်။
တစ်ချို့တစ်ဝက် မြင်တွေ့လိုက်ရသော အစိတ်အပိုင်းအချို့ကြောင့် ဒီကောင်လေးမျက်နှာက အတော်ချောမည့် သူတွေထဲပါနိုင်လောက်သည်ဟု တွေးမိသည်။ ဦးထုပ်သာ ဆောင်းမထားခဲ့ရင် ကျနော်အသေအချာတွေ့လိုက်မှာ အမှန်ပေါ့
ဖောင်း!!!
အသံနဲ့အတူ လက်မောင်းပေါ်သို့ယှဉ်တွဲကျရောက်လာသောလက်တစ်ဖက်။ထို့အပြင် ခံစားလိုက်ရသော ခပ်စပ်စပ်နာကျင်မှု။
Baekhyunကျနော့လက်ကို လာရိုက်တာ။ လူကောင်ပုသလောက် အတော်လက်သံပြောင်တဲ့ ဂျပု။ အဲ...ဂျပုဆိုတဲ့ အမည်ကိုတော့ သူ့ရှေ့မှာ တစ်ခါမှ မခေါ်ဖူးဘူးရယ်... ရှေ့အပတ်ကပဲ သူ့ကို ဟိုဖက်ရပ်ကွက်က လူက စသလိုလိုခေါ်မိတာ ပြန်ဆွဲထိုးလို့ အမှု့ရှင်းလိုက်ရသေးတယ်။ Baekhyunက လူသာ ပုပေမဲ့ စိတ်က လက်တစ်စစ်ရယ်။ပုတယ်ဆိုပေမဲ့ သူ့အရပ်က 1.74m ရှိတယ်။
"နာလိုက်တာကွာ...မင်းကလည်း"
ကျနော့ရဲ့ ခပ်တိုးတိုး ညည်းညူသံကို ကြားတော့ Baekhyunက မျက်စောင်းထိုးရင်း
"ငါကတော့ မင်းကို စကားပြောရင်း လျှောက်နေတာ ဆိုင်တောင် ရောက်တော့မယ်..မင်းက ဘယ်သူ့ကိုငေးနေတာလဲ"
အဲ..ကျနော်အခုမှ သတိထားမိတာ...ကျနော် လမ်း လျှောက်နေရာက ရပ်ပြီး ခုနက ကောင်လေးကို ငေးကြည့်နေမိတာပဲ
"မငေးပါဘူး"
Baekhyunအမေးကို လိမ်ညာပြီးသာ ဖြေလိုက်ရတယ်
တော်ကြာ ဒီကောင်က လူကဲခတ်က တော်ရချည့်နဲ့ ..."ဘာလဲခဏကကောင်လေးဆီစိတ်ရောက်သွားတာလား"
ဒီလောက်..ဘူးခံပြီးငြင်းနေတာတောင် စပ်ဖြီးဖြီး မျက်နှာနဲ့ လူကို သရော်နေသေး
"မဟုတ်ပါဘူးဆိုင်ရောက်နေပြီမလားဝင်စို့"
အတင်းဆိုင်ထဲကိုဝင်ခိုင်းလိုက်မှစကားအဆက်ပြတ်သွားသည်မဟုတ်ရင်baekhyunရဲ့စစ်မေးချင်ခံနေရမည်
Jonginတို့ ခပ်ဝေးဝေးရောက်ကာမှ ကော်ဖီဆိုင်ထဲသို့ဝင်သွားခဲ့သော လူငယ်သည် ဆိုင်ထဲက ပြန်ထွက်လာ၍ သူ့တို့သွားသောအရပ်မျက်နှာဘက်သို့ မြတ်နိုးသောမျက်လုံးအစုံဖြင့်ကြည့်နေခဲ့သည်။
ထို့နောက် စောင်းထားသော ခပ်ငိုက်ငိုက် ဦးထုပ်အား အသာအယာဖြင့် ကြည့်ကောင်းအောင်ပြန်ပြင်၍ Jonginတို့ သွားရာဘက်ဆီနှင့် ဆန့်ကျင်ဘက်ဆီသို့ ထွက်သွားလေတော့သည်။
အိပ်ခန်းငယ်တစ်ခုထဲသို့ ၀င်ရောက်လာသော သူသည် ကုတင်ပေါ်သို့ ပစ်လှဲခါ ဖုန်းထဲမှ ပုံရိပ်တချို့အားကြည့်ကာ မျက်နှာသည် ပြုံးလာခဲ့သည်။
သူ့ဖုန်းscreenပေါ်တွင် ရှိနေသော ပုံရိပ်လေးသည် သမင်လှည်ပြန် လှည့်ကြည့်နေသော Jonginဖြစ်နေသည်။
ဆက်ရန်........
ဒီfic ကိုတနင်္လာနေ့တိုင်းအပ်ပေးပါ့မယ်နော်
ဖတ်ပေးတဲ့readerများကိုချစ်တယ်နော်😘😘😘😘
YOU ARE READING
ချစ်လှစွာသောကိုယ့်လမင်း
Fanficကိုယ်တို့ ကံကြမ္မာက မင်းတွေးထားသလောက် မရိုးရှင်းဘူး~~~~