_beLIEve_

1.3K 152 52
                                    


♭9♭


Sehun ... တစ်ယောက်မနက်နိုးလာတော့ ... ဘေးနေရာအား ... ယောင်ယမ်းစမ်းမိလိုက်သည် ...

ဘေးကွက်လပ်က နေရာလေးက ... အေးစက်လျက် ...

ခေါင်းသည်လည်း မူးနောက်နောက်ဖြစ်နေရာ ... ထိန်းပြီးငုတ်တုတ်ထိုင်ရင်း ... လှည့်ပတ်မျက်လုံးကစားကြည့်တော့ ... ကိုယ့်အခန်းကိုရောက်နေတာ သိရခြင်းပင် ...

နှောက်ကျိနေသောခေါင်းကို ဖိလိုက်ရင်း ... ဒယိမ်းဒယိုင်ဖြင့် ... အခန်းပြင်ထွက်လာခဲ့လိုက်တယ် ...

အခန်းရှေ့ မျက်စောင်းထိုးလောက်မှာရှိသော ... မီးဖိုခန်းထဲမှာ ... နောက်ကျောပေးရပ်နေသော ... သူ ...

Sehun ... တစ်ချက်သာကြည့်ရင်း ... ဧည့်ခန်းက TV ကိုဖွင့်ကာ ... sofa နောက်မှီကိုမှီပြီး ... လှဲချနေလိုက်တယ် ...

TV ကို အသံကုန်ဖွင့်ပြီး ... မသိမသာ Jongin ကို လှည့်ကြည့်တော့ ... သူကလည်း ကိုယ့်အားတစ်ချက်သာ လှည့်ကြည့်ပြီး ... တလှုပ်လှုပ်နဲ့ ဘာတွေလုပ်နေလည်းမသိ ...

ခဏကြာ ... Sehun နားရောက်လာသည့် ... Jongin ကိုယ်သင်းနံ့လေး ... Sehun မှီလျက် ... မော့ကြည့်တော့ ... ဗန်းကိုင်ထားသော Jongin ...

ကော်ဖီခွက်အား ... Sehun ရှေ့ချပေးလေသူ ...

Sehun ... Jongin လှုပ်ရှားမှုကို မသိမသာကြည့်နေရင်း ... အကြည့်ရောက်သွားသည်က ... ဘယ်လက်တွင် ပလာစတာလေး ကပ်ထားလေသည် ...

"ဘလက်စ်ကော်ဖီပဲဖျော်ထားတယ် ... ခေါင်းမူးနေလောက်တယ် ထင်လို့ ... သံပုရာ လှီးထားပေးတယ် ... ညှစ်ပြီး ... သောက်လိုက် ..."

Sehun ... စူးစိုက်ကြည့်နေလိုက်သော်လည်း ... Jongin သည်က သူ့အားမကြည့် ... Sehun လည်း အကြည့်လွှဲရင်း ... ရှေ့က TV ကိုကြည့်နေလိုက်တယ် ...

အရင်လို ... TV တွင်လာနေသော ကြောင်နဲ့ကြွက် ကာတွန်းကား ကြည့်နေသော်လည်း ... နှစ်ယောက်လုံးသည် တိတ်ဆိတ်လျက် ...

ခံစားချက်တွေက အရင်လို မလတ်ဆတ်တော့သလို ...

ဘာတွေဘယ်လိုဖြစ်နေလည်း ... နှစ်ယောက်လုံးက အတွေးတွေထဲ ... လည်နေကြပုံပင် ...

beLIEve {SeKai}Donde viven las historias. Descúbrelo ahora