_beLIEve_

941 159 38
                                    


♭6♭

Jongin ... သုတ်ချေတင်ပြေးလာရင်း ... အဝင်ပေါက်ရောက်မှ ... အသက်ကိုဝအောင်ရှူရင်း ... နာရီကိုတစ်ချက်ကြည့်မှ ... သက်ပြင်းချနိုင်တော့သည် ...

"မမှီတော့ဘူးထင်တာ ..."

ညက store မှာလုပ်တာ ... ညဆိုင်းပါဆင်းပေးလိုက်ရတယ် ...

အဲ့လူနေရာအစားထိုးဝင်လုပ်လိုက်ရတော့ ... မနက်ကျောင်းကို ခုလိုအသည်းအသန် ... ပြေးလာရခြင်း ...

"အင်း ... ဒါတွေသာ Hun သိကြည့် ... ဆူခံရမည့် အဖြစ် ..."

ခုလည်း အိပ်ရေးမဝပင်မဲ့ ... မနေ့က Hun ကိုကျောင်းလာမယ်ပြောထားတော့ ... မဖြစ်မနေလာခဲ့ရခြင်းသာ ...

Jongin လည်း ... ကျောင်းထဲဖြည်းဖြည်းလေးသာ ... လမ်းလျှောက်ဝင်လာရင်း ... ကြည့်နေကျနေရာလေးကိုကြည့်တော့ ... Hun ကိုမတွေ့ ...

Hun က ပုံမှန်ဆို ... သူ့ကားရပ်တဲ့ ... အဲ့အပင်နားလေးမှာရပ်စောင့်နေကြ ...

Hun များမရောက်သေးလို့လား ...

အတန်းချိန်လည်း နီးနေပြီကိုမရောက်တာတော့ မဖြစ်နိုင် ...

Jongin လည်း ... ဖုန်းထုတ်ပြီး ... Sehun ဆီ ဆက်သော်လည်း ... ဖုန်းကဝင်နေပင်မဲ့ ... မကိုင်ပေ ...

ပထမ အကြိမ်မရလို့ ... ဒုတိယအကြိမ်ခေါ်လည်း ... မရ ...

သေချာသည်ကတော့ ... Hun တစ်ခုခုဖြစ်နေပြီဆိုတာပင် ...

ပုံမှန်ဆို ... ငါးမိနစ်တစ်ခါလောက်အကြောင်းမရှိ ... အကြောင်းရှာဆက်တတ်သူပင် ...

အင်း ... မနေ့က ကြောင့်မြန်းလား ... မဖြစ်နိုင်ဘူးရယ် ... သူကိုယ်တိုင်အချိန်ပိုင်းသွားဖို့ခွင့်ပြုခဲ့တာကို ...

တတိယအကြိမ်လောက်မှ ... ဝင်သွားသောအခါမှကိုင်လေသည် ...

ဒါတောင်ပြန်မပြောဘူးရယ် ... ကိုင်ထားပင်မဲ့ ...

"Hun လား ..."

သေချာသည် ... ကောက်နေသော Hun ပင် ...

"ရောက်နေပြီလား??? ..."

beLIEve {SeKai}Where stories live. Discover now