မောင့် ချစ်တေးသွား 2

1.6K 74 30
                                    


Y ခြေလှမ်းလိုက်တိုင်း အမွေးအမျှင်ကင်းစင်သော ခြေတံသွယ်လေးများက ခွဲထားသောနေရာမှ ပေါ်ထွက်လာသည်... လှေကား အတက်အဆင်းများတွင် ပေါင်ရင်းထိပေါ်သွားကာ အတွင်းခံထိ မြင်ရသည်... y က မလန်းရင်လည်း အရှင်းမလန်း... လန်းပြီဆိုပါကလည်း လိုက်မမှီ...

Y မေမေက ..."တော်လည်း ယွတယ်နော်... ကွာလာတာ တစ်ရက်မပြည့်သေးဘူး... လှလို့ပလို့"...

"မေမေကလည်း... မေမေ့သားက ချောင်မှာကပ်ပြီး ယောကျာ်းတစ်ယောက်ကြောင့် မှောင်မိုက်မနေပါဘူး"...

Y Blit လေး lobby ရောက်တော့ y ရဲ့ လက်လေးတစ်ဖက်က တံခါးကို တွန်းလိုက်သည်... executive director ကားမှန်းသိ၍ Security တွေ ကြိုဖို့ရောက်လာကြသည်... y ခြေထောက်တစ်ဖက်ကို အရင်ချလိုက်တော့ ဘောင်းဘီအကွဲကြောင့် ပေါင်ရင်းထိ ပေါ်သွားသည်... လက်တစ်ဖက်က Ipad ကို ကိုင်ကာ ကားပေါ်က ဆင်းလိုက်တော့ အကုန်လုံးရဲ့ မျက်လုံးတွေက y fashion ဆီမှာ... ဖြစ်ရပ်အစအဆုံးကို Cctv ဖြင့် MD က ကြည့်နေသည်ကို y သတိမထားမိ... Executive Director ရာထူးနှင့် ယခု fashion က မသင့်တော်ပေမယ့် duty off ဖြစ်၍ y ဝတ်ဆင်ခြင်းဖြစ်သည်...

လူတွေရဲ့ အကြည့်ကို ဂရုမစိုက်ဘဲ မိမိဝတ်လာတဲ့ Fashion အပေါ် confidence ရှိခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်သည်... ယောကျာ်းတစ်ယောက် ဘောင်းဘီအကွဲဝတ်ထားသော်ငြားလည်း ပြစ်မျိုးမှဲ့မထင် ခြေတံများကြောင့် မရှိန်သွား... ခြေလှမ်းတိုင်းကို ရဲတင်းစွာ လှမ်းပြီး HR department ကို သွားလိုက်သည်...

Coffee table တွင် ခြေချိတ်ထိုင်လိုက်ပြီး HR manager ကို စောင့်နေလိုက်သည်... HR manager က အသက် ၃၀ ကျော် လူရွယ်တစ်ဦးဖြစ်ပြီး ချောတယ်လို့ နာမည်ကြီးသည်… ဟိန်း သူငယ်ချင်းလည်း ဖြစ်သည်... MD ဟိန်းကတော့ CCTV ကနေ ထိုင်ကြည့်နေသည်... Mgr ရောက်လာတော့ y ကို နှုတ်ဆက်လိုက်သည်... ကိုလင်းသစ် မျက်လုံးများသည် y ပေါင်လေးများထံရောက်သွားသည်....

"ကိုလင်းသစ်... y ခွင့်လာတင်တာ... လစာမဲ့ အကန့်အသတ်မရှိ ခွင့်ယူမယ်... မပေးရင် ထွက်စာတင်မယ်... ကိုယ်စားလှယ် လွှဲပေးခဲ့မယ်... ကိုလင်းသစ် လက်မှတ် ထိုးမပေးရင် CEO ဒယ်ဒီကြီးဆီက တောင်းမှာနော်"... y လေသံလေးသည် Executive Director လေသံမဟုတ်ဘဲ ကာလာနည်းနည်းပြောင်းထားသည်...

မောင့် ချစ်တေးသွား (မောင့် ချစ်တေးသွား)Место, где живут истории. Откройте их для себя