မောင့်ချစ်တေးသွား 1

2.6K 64 11
                                    

"မောင့် ချစ်တေးသွား"

Presented By ခေတ်သျှန်လင်း@y

“သစ်ပင်လေးတွေ ရှင်သန်စေ” Season 0 မှ Section တစ်ခုဖြစ်ပါတယ်… “သစ်ပင်လေးတွေ ရှင်သန်စေ” ကိုတော့ Season 1 လို့ y ဖန်တီးထားပြီး 2017 တုန်းက တင်ဆက်ပေးခဲ့ပါတယ်… အကြောင်းအမျိုးမျိုးကြောင့် unpublished ခဲ့ပြီး 2018 လက်ရှိမှာ ပြည့်စုံစေမယ့် Edition တစ်ခုအနေနဲ့ ပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်…

ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ပန်ဆင်၍ စာရေးသူများ, LGBT မိသားစုဝင်များ, LGBT supporting မိသားစုဝင်များကို ကျွန်တော် y မှ အလိုပြည့်သောချစ်ခြင်းများဖြင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်...

"အသက်မဲ့" သီချင်းလေးရဲ့ ပိုင်ရှင် အဆိုတော် ကိုသားကြီးကိုလည်း Credit ပေးပါတယ်ခင်ဗျာ

----------------------------------------------------------------------------------

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ အစိမ်းနုရောင် မှန်ပြတင်းများရှိရာ Shwe Hintha Luxury Condominium ကြီးက နေရောင်ခြည်နုလေးများအောက်တွင် ရဲဝံ့စွာ တောက်ပနေသည်... အင်းယားကန်ကို မျက်နှာစာယူထားသော ကြင်စဦး ထွဋ်ဟိန်းမောင်@မောင် နဲ့ y@ဟန်နေ တို့၏ ချစ်အခန်းလေးသို့ အလင်းရောင်များက တိုးလုနေကြသည်...

အလင်းရောင်နုလေးများကြောင့် y လူးလွန့်ထလာကာ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက်သည်... လည်ပင်းမှ ဆစ်ကနဲ ဖြစ်သွား၍ လည်ပင်းလေးကို ကိုင်စမ်းရင်း ညက ချိုမြိန်သောနာကျင်မှုအဖြစ်လေးကို သတိရကာ ဘေးကို ကြည့်လိုက်တော့ y ကို မျက်မှာမူပြီး အိပ်မောကျနေသော မောင်... ဆယ်ကျော်သက်အရွယ်တည်းက ဒီအခန်းလေးကို ရင်းနီးခဲ့ပေမယ့် ခုလို ရင်ခုန်ရသည့် အခြေအနေတွေ မဖန်တီးဖြစ်ခဲ့... အခုတော့ ဒီအခန်းလေးထဲမှာ သွေးသားကကြိုးလေးတွေ ကခဲ့ကြသည်မှာ အချိန်ကာလတစ်ခုတိုင်ခဲ့လေပြီ... မပြဌာန်းထားတဲ့ ဥပဒေအောက်မှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့သည်မှာလည်း ယခုအချိန်ထိ လန်းဆန်းနေသည့် နေ့ရက်ကလေးအဖြစ်...

ခန္ဓာချင်းရင်းနီးခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် အခုထိ ရှက်နေမိသည်... y မျက်နှာလေးနီရဲသွားသည်... မောင့်ကို ချစ်လို့ ယောကျာ်းလေးဆိုသည့် ဆန္ဒလိုအပ်ချက်တွေကို ဖြိုဖျက်ကာ ပါရမီဖြည့်ဖက် မှတ်တိုင် စိုက်ထူခဲ့သည်... မောင့် ကို ချစ်ပါသည်... မြန်မာပြည်ထိပ်တန်း ဆရာဝန် မန်းနေဂျင်း ဒါရိုက်တာတစ်ဦး ဖြစ်လို့ ချစ်တာ မဟုတ်... ဆယ်စုနှစ်တစ်စုကျော် y အချစ်တုန့်ပြန်မှုကို လူသားပီသစွာ စောင့်ဆိုင်းတဲ့ မောင့် ကို ချစ်တာပါ... ခုတင်ပေါ်မှာ အိမ်ထောင်ဦးစီးပီသပြီး ဖြစ်ရပ်တိုင်းမှာ ဖခင်တစ်ယောက်လို စောင့်ရှောက်ပေးတဲ့ မောင့် ကို ချစ်တာပါ... y ရဲ့ ပိုင်ဆိုင်မှုတွေကို မောင့်ရဲ့ ထိပ်တန်းပိုင်ဆိုင်မှုတွေနဲ့ အရောင်တင်ပေးတဲ့ မောင့်ကို ချစ်တာပါ... မောင့် ကို ချစ်တယ်...

မောင့် ချစ်တေးသွား (မောင့် ချစ်တေးသွား)Donde viven las historias. Descúbrelo ahora