တစ်နေ့ တစ်နေ့ .. ပျင်းစရာကောင်းသည့်
စာသင်ခန်းတွင် မငြီးမငွေ့ အတန်းချိန်အကုန်လုံး
နေနိုင်သူ Wang Ziyi တွင် နေနိုင်သည့် အကြောင်း
တရား ရှိကိုရှိသည် ။မငိုက်ဘဲ မသန်းဘဲ ပြုံးဖြီးပြီး ဆရာစာသင်သည်ကို
လိုက်နားထောင်ခြင်းမဟုတ်ဘဲ အရှေ့ဆုံးအတန်းဆီမှ
အသဲလေးအား ငေးနေရရုံနှင့်တင် Ziyi မျက်လုံး
နှစ်လုံးသည် မျက်တောင်ခတ်ရုံလောက်သာ ပိတ်သည်
ဟုပြောလျှင် လုံးဝလုံးဝမပိုပါ ။အရင်းနှီးဆုံး YanJun နှင့် အသဲလေးသူငယ်ချင်း
ZhengTing ကလွဲ အသဲလေးအား ချစ်နေသည်ကို
မည်သူမှမသိကြလေသဖြင့် အရမ်းကြီးသိသိသာသာ
ပေါ်တင်လည်းမငမ်းရဲ ။အသဲလေးနှင့် အတော်လှမ်းလှမ်းမှနေ၍
တစောင်းအနေအထားသာသာမြင်ရလောက်မည့်
ခုံတွင် အကျအနနေရာယူပြီး တစ်နေကုန် အသဲလေး
လှုပ်ရှားသမျှကို ကြည့်နေရသည်ကပင် ဘယ်လို
ကြည်နူးနေမှန်းကိုမသိ ။ZhengTing ကို အခုလိုကြည့်နေလို့ အသဲလေး
သတိထားမိလားမေးဖူးသည် ။ သို့်သော် အသဲလေး
သည် ဆရာစာသင်သည်ကလွဲ အာရုံမလာသူမို့
သူ့ကိုပေါ်တင်စိုက်ကြည့်လျှင်တောင် မသိဘူး တဲ့လေ ။ဘယ်လိုတောင် ထူးဆန်းတဲ့ အကောင်ပေါက်လေးလား ။
" အကို ဝမ် ရေ .. ဟိုက ထသွားတာကြာပြီ ။
အခုထိ ပန်းခင်းထဲ လိပ်ပြာလိုက်ဖမ်းတုန်းဘဲလား "YanJun ၏ လူနားမလည်နိုင်သည့် စကားမျိုးကို
Ziyi တစ်ယောက်တည်းကသာ နားလည်နိုင်တော့
အခုလည်း Ziyi ကို အသဲ လေးနှင့် စိတ်ကူးယဉ်နေ
တာလားဟု ဝင်္ကဝုတ္တိသုံးသွားခြင်းပင် ။" မင်းကရော ZhengTing ဆီ မျက်လုံးပြေးကပ်
နေတာငါမသိဘူးထင်နေလား "" မင်း ရဲ့အချောလေး သူငယ်ချင်း ငါ့အချောလေးက
ကြည့်လေကြည့်လေ စိတ်ခုန်ချင်စရာကောင်းလေဘဲ "
YOU ARE READING
Be Loved .. [ Complete ]
FanfictionWang Ziyi ၏သည်းသည်းလှုပ်အချစ်ခံရသူမှာ Cai XuKun တစ်ဦးသာ ..