တစ်ခါတစ်လေ ဒီအတိုင်း လိုတာဖြည့်ပေးပြီး
ငေးကြည့်ရုံနှင့်ကျေနပ်သည်ဆိုပေမဲ့ တစ်ခါတစ်လေတော့
အပြောအဆိုခံပြီး အသဲလေးအနားတွင် နေချင်မိသား ။ဒီရက်ပိုင်းအတွင်း အသဲလေးတွင် မည်သည့် ပြသာနာ
ကြီးကြီးမားမားရှိနေလဲမသိ ။အရင်ကဆို မာန်မာနနှင့် ချေမိုးနေသည့် မျက်နှာ
ချောချောလေးက အခုအချိန်တွင် အတော်လေးကို
မှိုင်းညို့ပြီး စိတ်မသက်မသာဖြစ်နေပုံရသည် ။မြင်နေရသည့်ကိုယ့်မှာ အေးအေးဆေးဆေးမနေနိုင်
အရင်ကထက်ပိုဂရုထားပြီး ကားလာမကြိုသော
အပြန်လမ်းတွင်ပါ အနီးအနားက ကပ်လိုက်သွားရသည် ။စိတ်သတိလွတ်နေချိန် အသဲလေးတစ်ခုခုဖြစ်သွားမည်ကို
Ziyi တကယ်စိုးရိမ်ပါသည် ။ZhengTing ကိုမေးကြည့်တော့လည်း ရေရေရာရာ
မသိရ ။ ZhengTing လိုလူမျိုးက အသဲလေး
မပြောနှင့်ဟု ပိတ်ထားလျှင် လုံးဝလုံးဝ စကားဟ
မည်သူမဟုတ် ။" KunKun !! သတိထား "
Ziyi စိုးရိမ်ထားသည့်အတိုင်း အကြမ်းပတမ်းစီး
လာသည့် ဆိုင်ကယ်ရှေ့ ဝင်တိုးတော့မည့်အချိန်
Ziyi လှမ်းဆွဲလိုက်၍သာ ဘာမှဖြစ်မသွားခြင်း ။," Cai XuKun သတိထားစမ်း !! "
ကိုယ့်ရင်ခွင်ထဲ အတိုင်းသားပါလာသည့် အသဲလေးကို
အရင်လိုပြန်ဖြစ်အောင် ဘာလုပ်ပေးရမလဲ Ziyi
တကယ်မသိတော့ ။" ငါ အိမ်မပြန်ချင်ဘူး ။ "
" မိုးချုပ်တော့မည်လေ ။ "
" ငါ မပြန်ချင်ဘူး ။ အဲ့အိမ် ကို ငါမပြန်ချင်ဘူး "
" ဟုတ်ပြီ ဟုတ်ပြီ ။ ကိုယ်နဲ့ မုန့်သွားစားရအောင် "
Ziyi မှာ အသဲလေးကြိုက်မကြိုက်အာရုံမစိုက်တော့ဘဲ
ပခုံးကနေ သိုင်းဖက်ပြီး ရင်ခွင်ထဲရောက်လုမတက်
ထည့်သိမ်းထားသည် ။
YOU ARE READING
Be Loved .. [ Complete ]
FanfictionWang Ziyi ၏သည်းသည်းလှုပ်အချစ်ခံရသူမှာ Cai XuKun တစ်ဦးသာ ..