အရာအားလုံးပြောင်းလဲ ခဲ့ပြီ ...ကျွန်တော့်ရဲ့ Yoongi သူလည်း အရင်နဲ့မတူတော့ဘူး...
ကျွန်တော်လည်း အရင်လိုမဟုတ်တော့ဘူး..
ကျွန်တော်တို့နှစ်ယောက်လုံးလည်း ပြောင်းလဲသွားခဲ့ပြီ။
..............
Driver Lee Arjushi... arjishi...
ကျွန်တော်ခေါ်နေတာ ကြားလား မြန်မြန်လာဟုတ်ကဲ့ လာပါပြီ သခင်လေးJimin
လာပါပြီကနောက်ထား အခုချက်ချင်း ကားထုတ်ပြီးတော့
ကွာရှင်းစာချုပ် နှစ်စောင်ဝယ်ခဲ့ ကျွန်တော်တို့နဲ့အရမ်းခင်တဲ့
တရားသူကြီးKimကိုတစ်ခါထဲခေါ်ခဲ့ နော်ဟုတ်ကဲ့
အာပြဲကြီးနှင့် အော်နေသော Jiminအသံအဆုံး
ဟုတ်ကဲ့ ပြောရင်း ပြေးထွက်သွားတယ်။ထိုအချိန်မှာ Jiminကိုကြောင်ကြည့်နေသူတွေက
ဆိုဖာပေါ်မှာထိုင်နေတဲ့ Namjoon နဲ့ Seokjin စုံတွဲရယ်
Yoongi ရယ် သုံးယောက်သားပါ။ကြောင်နေရာမှ စကားစလာသော Jin
Jimin မင်းတို့ မင်းနဲ့ Yoongi နဲ့ကွာတော့မှာလား
စိတ်အေးအေးထားပါကွာ အလျင်စလိုမလုပ်နဲ့ သေချာစဉ်းစားပါဦးဘေးနားမှNamjoon ကလည်း ခေါင်းလေးတစ်ငြိမ့်ငြိမ့်နှင့်
ထောက်ခံနေတာ ။Yoongi ကတာ့ ဘာတွေဖြစ်နေလဲတွေးမရပဲ ငြိမ်လျက်သားပင်။
ကွာရှင်းမှာ ဟုတ်တယ် ကွာရှင်းမှဖြစ်တော့မှာ
ကျွန်တော်တို့တော့မဟုတ်ဘူး Hyungတို့နှစ်ယောက်လေ
မြန်မြန်ကွာရှင်းတော့
အိမ်ပြန်ကြလို့ ပြောနေတာမရဘူးလေ အဲ့တော့
ကွာရှင်းကြတော့!!!!ဖြည်းဖြည်းအော်ပါ Jiminieရယ် ကိုယ့်နားတွေ အူကုန်ပြီ
မအော်လို့မရလို့ပေါ့ Yoongiရယ်
သူတို့ကိုမအော်ပဲပြောနေတာ တလတောင်ပြည့်တော့မယ်လေ
နားမှမထောင်ကြတာ
ပြီးတော့ Jin Hyung ကျွန်တော်တို့နှစ်ယောက်ကဘာလို့ကွာရမှာလဲ
ဒီမှာမတွေ့ဘူးလား ကွာဖို့နေနေသာသာ
ကြားလေသွေးမှာစိုးရိမ် လို့တောင် ကိုယ်ချင်းပူးပြီး ကျွန်တော့် Yeoboရဲ့
ပေါင်ပေါ်မှာ ထိုင်နေတာ
Hyungတို့နှစ်ယောက်ကိုကွာခိုင်းမှာ ငြင်းဖို့မကြိုးစားနဲ့ ..