|သူငယ်ချင်းလေးပါပဲ|

804 111 32
                                    

(ငါနဲ့မင်း သူငယ်ချင်း ဘဝ တစ်လျှောက် မင်းရင်ထဲက အချစ်တွေ ပေးပါ နည်းနည်းလောက်)

ဆောင်းအဝင်မို့ ဖျားနာလွယ်တဲ့ XuKunက နှာတရှုံ့ရှုံ့ဖြစ်လို့နေသည်။စားပွဲအောက်အံ့ထဲမှာလဲ သုံးပြီးသား တစ်ရှူးတွေက အပြည့် ဖြစ်နေသည်။
ဒီတစ်ခေါက် လပတ် စာမေးပွဲ ပြီးရင် အတန်းတင် စာမေးပွဲ ကြီးက ဖြေရတော့မည်။

အရင်လို...ယောင်ခြောက်ဆယ် လုပ်နေကျကျောင်းသားတွေလဲ ငြိမ်ကုပ်ကာ ပုံမှန် စာလိုက်လုပ်နေပြီး ကျောင်းကြီးက ရာသီဥတုနဲ့အတူ အေးစက်စက်နှင့် အနည်းငယ်တော့ ပျင်းရိဖွယ်ကောင်းသည်။

ဘေးနားမှာငြိမ်ပြီး စာလိုက်ရေးနေတဲ့ Ziyiက ထူးဆန်းနေသည်ဟုထင်သည်။အပေါ်စီးကနေ စာငုံ့ရေးနေတဲ့ Ziyi မျက်နှာ အစိတ်အပိုင်းတွေကို XuKunက ငေးခနဲ ကြည့်နေမိသည်။

ဖျာထွက်နေတဲ့ မျက်တောင်လေးတွေ ရယ် မျက်ခုံး ထူထူတန်းတန်းနှစ်ဖက်ရယ် ဖျော့တော့တဲ့ နေရောင်အောက် ပါးပြင်တစ်လျှောက်မြင်နေရတဲ့ မွှေးညင်းနုလေးတွေ ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတစ်စုံ မိန်းကလေးအများစု နှစ်သက်ကျတဲ့ မေးရိုးထင်းထင်းရယ် Ziyiဟာ လူချော တစ်ယောက်ဖြစ်တဲ့ အပြင် သူ့ကို မြင်လိုက်တာနဲ့ ခွင့်လွှတ် အနစ်နာခံတတ်တဲ့ သူမှန်း သိသာထင်ရှားနေတတ်သည်။

XuKunကို အလိုလိုက်တဲ့ မျက်ဝန်းတွေ...
XuKunသဘောကျဖြစ်စေတဲ့ နှုတ်ခမ်းဖျားတွေ...
XuKunအတွက် အမြဲ ကြိုဆိုနေမယ့် ရင်ခွင်နွေးနွေး...

တစ်လှမ်းတိုးရုံနဲ့ နီးစပ်သွားမယ့် အနေအထားအတွက် ဘဝဟာ ထင်သလောက် ရိုးရှင်းမနေဘူး ဖြစ်သည်။

မိသားစုအတွက် လူတော်တစ်ယောက် ဖြစ်ချင်တဲ့အခါ သူငယ်ချင်းအပေါ် ထားရှိတဲ့ ခံစားချက်အချို့ဟာ ပိတ်လှောင်သိမ်းဆည်းထားခြင်းခံရသည်။

"ငါ လဲ မင်းအပေါ်.....လေးနက်ပါတယ်''

ခပ်တိုးတိုး ရေရွတ်မှုကြောင့် မော့ကြည့်လာတဲ့ Ziyiကို ဘာမှမဟုတ်ကြောင်း ခေါင်းခါပြရင်း စာဆက်ရေးနေလိုက်သည်။

....

ဟောခန်းကျယ်ကြီးထဲ သူ့လူနဲ့သူ အုပ်စုလိုက် ဝိုင်းဖွဲ့ထိုင်နေရင်း စာမေးပွဲ အတွက် အဖြေလွှာ စာရွက်တွေကို သတ်မှတ်ထားတဲ့အရွက်ရေအတိုင်း စီစီညီညီထပ်ကာ ပင်အပ်တွေနဲ့ ချုပ်နေကြသည်။

သူငယ်ချင်းလေး |ZiKun|Where stories live. Discover now