Part 13

1.2K 79 1
                                    


ပိုင်ရှင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပိုင်ရှင်

အပိုင်း (၁၃)

#ပိုင်ရှင်

"မမ.."

"ဟင်.."

ရှပ်အကွက်စိပ်နဲ့ ပုဆိုး နီညိုရောင် ၀တ်ထားတဲ့ လူ တစ်ယောက် ကို ကြည့်ပြီး ၀ိုင်း အံသြရသည်..။

"သာဦး.."

"ဟုတ်.."

"အိုး..ငါ့မောင်ရယ် လူတောင် မှားတယ်.."

မနှစ်ကပဲ ရွာကိုရောက်တော့ သားဦးဆိုတာ ပုဆိုးတိုတို စွပ်ကျယ်ချိုင်းပြတ်နဲ့ ခါးကလည်း ခပ်ကိုင်းကိုင်းရယ်...။

အခုတော့ အသားလည်း ပိုဖြူလာသလို အ၀တ်အစားကို လိုက်ဖက်အောင်ဝတ်ထားလို့ အတော် ကြည့်ကောင်းလာသည်..။

ဆံပင်ကလည်း ဘုတ်သိုက်မဟုတ်ပဲ သေချာ ဖြီးထားလို့ အမှတ်တမဲ့ တွေ့ရင် တောင် ဒီလူချော တယ်လို့ အကြည့်ခံရမည့် ပုံစံပင်..။

"လာလေ...၀င်လာ.."

အလုပ်ခန်း အ၀ က မှန်တံခါးအနားမှာ ရပ်နေတော့ ၀ိုင်း ခေါင်းဆတ်ခေါ်လိုက်မှ ၀င်လာသည်..။

ရှေ့က ခုံမှာ ၀င်ထိုင်လိုက်တော့ ၀ိုင်း လုပ်လက်စ စာရင်း စာအုပ် နဲ့ လပ်တော့ကို ပိတ်ချပြီး ပြုံးလိုက်သည်..။

"ဘယ်တုန်းက ထွက်လာတာလည်း.."

"ကျွန်တော် ဖုန်းကုမ္ပဏီမှာ အလုပ်လုပ်နေတယ် မမ.."

"ဟုတ်လား....အခု အလုပ်ကိစ္စလာတာလား..နေဖို့ ထိုင်ဖို့ကော ..မစိစဉ်ရသေးဘူးဟုတ်...အိမ်မှာနေရမယ်...ဒါပဲ..."

"ဟား..ဟား..မမ ကလည်း...မဟုတ်ပါဘူး..ကျွန်တော် ဖုန်းကုမ္ပဏီမှာလုပ်တာပါ...ဟိုတလောကမှ မကွေးက ပြန်လာရတာလေ.."

ပိုင်ရှင် (Complete) Where stories live. Discover now