Part 4

1.5K 88 1
                                    


ပိုင်ရှင်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ပိုင်ရှင်

အပိုင်း (၄)

#ပိုင်ရှင်

"ကိုကို....ကိုကိုမာန်သွေး..."

"အား...ပုံ့ရယ်..ကိုကို အိပ်နေတာလေ.."

"သိတယ်လေ...မေမေကြည်က နှိုးခိုင်းလိုက်တာ.."

"အိမ်မှာနေတဲ့ ရက်ကလေး ဇိမ်နဲ့ နေချင်လို့ပါ...."

"မရဘူး..ရအောင် နှိုးခဲ့တဲ့.."

"ကိုကို လည်း မရဘူး လို့ မထလာဘူး လို့ ပြောလိုက်ပေါ့"

မာန်သွေး စောင်ခေါင်းမြီး ခြုံထားရင်း ပုံ့ပုံ့ကို စကားအပြန်အလှန်ပြောနေတာ အိပ်ချင်စိတ်တောင် ပျောက်လာရပြီ.။

"ချစ်ခွန်းဖွဲ့သီ

ရှေ့တော်မှောက်သို့

အခစား မ၀ံ့သူမို့..

အာကာတစ်ခွင်မှာ

ဝဲပျံနေတဲ့

ချစ်စကားလေးတွေ

မင်းကြားနိုင် ပါ့မလား...မေ.."

"ဟဲ့.."

မာန်သွေး အိပ်ရာက ငုတ်တုတ် ထထိုင်လိုက်ပြီး ပုံ့ပုံ့ လက်ထဲက စာရွက်ကို ဆက်ကနဲ့ ဆွဲယူလိုက်ရသည်..။

"ဟဲ..ဟဲ...ကိုကို ရည်းစား စာ ရေးနေတာမလား.."

"ကြည့်စမ်း...ပုံ့ပုံ့ ငယ်ငယ်လေးနဲ့ ဒါတွေ စိတ်ဝင်စားနေတယ်..."

"မငယ်တော့ပါဘူး...ပုံ့ပုံ့ဆီမှာတောင် ဒါမျိုး နှစ်စောင်ရတယ်."

"ဟမ်..."

မာန်သွေး နားမလည် ဖြစ်နေစဉ် ပုံပုံ့က ကုတင်ပေါ်က ခုန်ဆင်းပြီး လှေကားက ပြေးဆင်းသွားတဲ့ ခြေသံတွေပါ ကြားလိုက်ရသည်..။

ပိုင်ရှင် (Complete) Donde viven las historias. Descúbrelo ahora