မနက်ခင်း ဖြိုးဖြိုးဖြောက်ဖြောက် ဝင်ရောက်လာတဲ့ နေရောင်ခြည်ကြောင့် Jungkook အနားစားပွဲပေါ်က တင်ထားတဲ့
နာရီကိုလှမ်းကြည့်မိတော့ ၆:၄၅ Jungkook ထမယ်ကြံ
ကာမှ သူ့ကိုယ်ပေါ်ကိုဖိထားတဲ့လေးလံတဲ့ အရာကြောင့်ကြည့်မိတော့...... ခြေထောက်နဲ့ ပယ်ပယ်နယ်နယ်ကို ခွအိပ်နေတဲ့ ကလေးမJungkook စိတ်တိုတိုနဲ့ ခြေထောက်ကိုဆွဲဖယ်လိုက်တာ တောင်မှ သူ့ကိုလာဖက်နေတဲ့ လက်ကြောင့်.....
Jungkook: ဟူး........ စောစောစီးစီး ငါ့ကိုစိတ်တိုအောင် လာလုပ်နေတယ်
Jungkook အိပ်ယာပေါ်မှထသွားလိုက်ပြီး bathroom ထဲဝင်ပြီးပြန်ထွက်လာခဲ့ကာ... ကုတင်ပေါ်ကြည့်လိုက်တော့ လူကမရှိ.....
နောက်မှ အခန်းတံခါးဖွင့်ကာ ပါးစပ်ထဲပလုပ်ပလောင်းနဲ့Jin: ဟင်...ကိုကို...ပြီးဘီလား...
Jin Jungkook ကိုရှောင်ထွက်ခဲ့ပြီး bathroom ထဲပြေးဝင်သွားတော့မှ.....
Jungkook: ကျစ်..... ဘယ်လို ဗီဇလေးလဲကွာ..... မျက်နှာမသစ်ရသေးဘဲနဲ့လည်း အစားအသောက်ကစားတာဘဲ
Jungkook အပြင်ထွက်လာကာ ထမင်းစားခန်း ထဲဝင်လိုက်တော့....
Jungkook: arr...arjima အစောကြီးရောက်နေတာလား
Arjima: ဟုတ်တယ် သူဌေးလေး သူဌေးလေး မိန်းမလေးကတောင် ခုနလာသွားသေးတယ်...
Jungkook: aww....
Jungkook aww ဟုသာပြောပြီး ချပေးထားတဲ့ မုန့်တို့နဲ့ coffee ကိုသောက်နေကာ နောက်ကနေ ဝရုန်းသုန်းကား ပြေးလာတဲ့အသံကြောင့်....
Jin: arjima.... ထမင်းမရှိဘူးလား
Arjima: ဟင်!.... မနက်စာကို သူဌေးလေးက ဒီလိုဘဲစား
နေကြမို့သမီးရဲ့....Jin ခုံမှာဝင်ထိုင်လိုက်ရင်း
Jin: ဒါလေးတွေနဲ့ ဘယ်လိုလုပ်ဝမှာလဲ... စောစောစီးစီး.coffee လည်းမသောက်ချင်ပါဘူး...
Jungkook: စကားမများနဲ့ မစားချင်မစားနဲ့
Jungkook ထိုသို့ပြောကာ ထလာခဲ့ပြီး company သွားဖို့ အဝတ်အစားလဲနေရင်း အင်္ကျီကြယ်သီးလေးမှ နှစ်လုံးလောက်တပ်ရသေး တံခါးမခေါက် အသံမပေးဘဲ တံခါးတွန်း
ဖွင့်ပြီး ဝင်လာတဲ့ကလေးမကြောင့် ဒေါသတို့က ထွက်ရပြန်သည်
YOU ARE READING
Baby ပေါက်စန [Normal] ||KOOKJIN|| Completed
FanfictionMain role - Jinkook Supporting role - Vmin By Jinya_KTJ