Eposide 3

3.9K 253 35
                                    

ည​နေ ​ကျောင်းဆင်း​တော့ Jin တစ်​​ယောက်​ ​ကျောင်း​ရှေ့မှာ အိတ်​​လေးကိုင်​ကာ ​စောင့်​​နေရင်း

Jin: ကိုကိုက လာလည်းမကြို​သေးဘူး

နာရီဝက်​​လောက်​ကြာ​တော့ သူမ​ရှေ့လာရပ်​တဲ့ ကား​ကြောင့်
Jungkook ကားမှန်းသိ​တော့ ချက်​ချင်း တံခါးဖွင့်​ဝင်​ထိုင်​လိုက်​​တော့သည်​....

Jin: ကိုကို!... ဘာလို့ ​နောက်​ကျ​နေတာလဲ....Jin ဖြင့်
ခြေ​ထောက်​​တွေကို​ညောင်းလို့....ကိုကို့ကို ​စောင့်​​နေရတာ

Jungkook: မင်းကို ဘယ်​သူက​စောင့်​ခိုင်းလို့လဲ ကိုယ့်​​ကြောင့်​ဖြစ်​လာတဲ့ကိစ္စကို သူများအ​ပေါ်လွှဲမချစမ်းနဲ့!

Jin Jungkook လက်​​မောင်းတစ်​ဖက်​ကို သွားဖက်​ကာ ​ခေါင်း​လေးမှီထားလိုက်​ရင်း.....

Jin: ကိုကို ကလည်း.... Jin ကချစ်​လို့စ...

Jin စကား​တောင်​မဆုံး​သေး Jungkook သူ့လက်​ကို လာ​ရောက်​ရစ်​တွယ်​​နေတဲ့ လက်​တစ်​စုံကိုခါချပြီး

Jungkook: ကား​မောင်း​နေတာမမြင်​ဘူးလား သေချင်​လို့လား! ဟမ်​!

Jungkook ရဲ့​အော်​​ငေါက်​လိုက်​တဲ့ အသံအဆုံးမှာ​တော့

Jin: miyanaeyo ကိုကို.....

Jin သူမမျက်​နှာ​လေးကို အပြင်​ဘက်​​ငေးကြည့်​​နေရင်း မငိုဘူးလို့ဆုံးဖြတ်​ထား​ပေမဲ့ ကျလာတဲ့မျက်​ရည်​တို့နှင့်​အတူ တစ်​ခါ တစ်​ခါ ရှိုက်​သံ​လေး​တွေပါထွက်​လာတာ​ကြောင့်​ သူမရဲ့ လက်​ခုံ​လေးကို သွား​လေးနဲ့သာ အသာ ဖိကိုက်​ထားရင်း......

Skip

အိမ်​​ရှေ့​ရောက်​​တော့ ကားကိုရပ်​ကာ.... ​ဘေးက က​လေးမကို ကြည့်​မိရင်း....

Jungkook: ဆင်း​လေ

Jin: arr...ဟုတ်​သားဘဲ..

Jin ကား​ပေါ်ကဆင်းကာ Jungkook ကို​စောင့်​​နေလိုက်​ပြီး ​Jungkook ဆင်းလာ​တော့ လက်​ထဲမှာ ကိုင်​ထားတဲ့အိတ်​ကို ဆွဲလုကာ....

Jin: ​ပေး ကိုကို.... Jin သယ်​​ပေးမယ်

Jungkook ​ရှေ့က​နေ ​ပြေးသွားတဲ့​ကောင်​မ​လေးကိုကြည့်​​နေရင်း နဲနဲ​တော့အားနာမိတာအမှန်​.....
တကယ်​ဆို ခုန​အော်​လိုက်​တာ လွန်​မှန်းသိသည်​...
သူမဘဝမှာ ခုချိန်​ထိ တစ်​ခါမှ ဒီ​လို ​အော်​ခံရဖူးမှာမဟုတ်
သူမ မိဘ​တွေမ​ပြောနဲ့ အစ်​ကိုဖြစ်​တဲ့သူကလည်း ချစ်​လိုက်​တာမှကို လွန်​​ရော.....
Jungkook ခုနကား​ပေါ်တွင်​ ငို​နေမှန်း​တော့သိသည်
တကယ်​ဆို စိတ်​ဆိုးမယ်​လို့ ထင်​ထားခဲ့​ပေမဲ့ ခု​တော့ သူမဟုတ်​သလိုပင်​......

Baby ​ပေါက်​စန [Normal] ||KOOKJIN|| CompletedWhere stories live. Discover now