Part 1

887 35 4
                                    

Hate Because Love ep 1

Tae's pov - "အချစ်" အချစ်ဆိုတာဘာလဲ ကျွန်မစဉ်းစားခဲ့ဖူးတယ် ဒါပေမယ့် ကျွန်မအတွက်အချစ်ဆိုတာ အမုန်းတရားပဲ ဘာလို့ဆို ကျွန်မ လူတွေကိုချစ်လို့မှမရတာ ကျွန်မချစ်တဲ့သူတိုင်း ကျွန်မကိုထားသွားတယ် ပထမက Omma ပြီးတော့ Appa ပြီးတော့ မိဘတွေမရှိတော့လို့ဆိုပြီးကျွန်မကိုစောင့်ရှောက်တဲ့အဒေါ် သူတို့အကုန်လုံးကျွန်မကိုထားသွားတယ် ကျွန်မဘဝကအရမ်းကို စိတ်ပျက်ဖို့ကောင်းတယ် ကျွန်မ ရှစ်နှစ်လောက်မှာ Omma ဆုံးသွားတယ် ဖြစ်ချင်တော့ အဲ့အချိန်ဟာ ကျွန်မ Omma ကို ချစ်တယ်လို့ ပထမဆုံးပြောမိတဲ့အချိန် ကျွန်မ ငယ်ငယ်တည်းကဘယ်သူ့ကိုမှချစ်တယ်လို့မပြောဖူးဘူး ကျွန်မကိုယ့်ကိုကိုယ်လဲ မပြောခဲ့ဖူးဘူး အဲ့နေ့ပြီးတော့နောက်တစ်နေ့မှာ Omma ဆုံးသွားခဲ့တယ် အဲ့အတွက် ကျွန်မ အရမ်းဝမ်းနည်းခဲ့တယ် Omma ဆုံးတော့ Appa က ကျွန်မကို Omma နေရာကရော Appa နေရာကပါ စောင့်ရှောက်ခဲ့တယ် ကျွန်မ ဆယ့်သုံးနှစ်လည်းရောက်ရော Appa လည်း ကျွန်မကိုထားသွားတာပါ အကြောင်းအရင်းက ကျွန်မချစ်တယ်လို့ပြောလိုက်မိလို့ အဲ့အချိန်က ကျွန်မသေချာမသိသေးဘူး ငယ်သေးတော့ Appa ဆုံးတော့ Appa ရဲ့ ညီမ ဖြစ်တဲ့ အဒေါ်က ကျွန်မကို စောင့်ရှောက်ခဲ့တယ် ကျွန်မအသက် ဆယ့်ရှစ်နှစ်မှာ အဒေါ်လည်း ကျွန်မကိုထားသွားတာပဲ ကျွန်မအဲ့အချိန်မှာ အကြောင်းအရင်းကိုသေချာကြီးနားလည်သွားခဲ့တယ် အဲ့အချိန်ကစပြီး ကျွန်မဘယ်သူ့ကိုမှ ချစ်မိအောင်မကြိုးစားတော့ဘူး အကယ်၍ ချစ်မိတယ်ဆိုရင်လည်း ကျွန်မ မုန်းတယ်ပဲပြောခဲ့တယ် ဘာလို့ဆို ကျွန်မ ကျွန်မကိုချစ်တဲ့သူတွေရော ကျွန်မကချစ်ရတဲ့သူတွေကိုရော မဆုံးရှုံးချင်လို့ ကျွန်မတို့က ချမ်းသာတယ် Appa က တောင်ကိုရီးယားရဲ့အကြီးဆုံး ဒုတိယမြောက်လုပ်ငန်းစုရဲ့သူဋ္ဌေး ဒါမယ့် Appa ဆုံးတော့ ကျွန်မက ငယ်သေးတော့ Company ကို မအုပ်ချုပ်နိုင်ဘူး အာ့ကြောင့် ဒေါ်လေးက အစား အုပ်ချုပ်ပေးတယ် ဒါမယ့် ဒေါ်လေးဆုံးတဲ့အချိန်မှာ ကျွန်မက အသက်ဆယ့်ရှစ်နှစ်ပဲရှိတော့ ကျွန်မ Company အကြောင်းတွေနားမလည်ဘူး ကျွန်မကံကောင်းတယ် ဘာလို့ဆို Appa တို့ ဒေါ်လေးတို့က ကျွန်မနောင်ရေးအတွက်စိတ်ချရအောင်အားလုံးလုပ်ထားတယ် Appa ရဲ့ လူယုံ ဦးလေးကြီး Song က အရမ်းစိတ်ချရတယ် အဲ့အတွက် ကျွန်မ Company ကို ဦးလေးကြီးလက်ထဲစိတ်ချလက်ချအပ်ထားပြီး ကျွန်မက America မှာ စီးပွားရေးပညသွားသင်ရတာပေါ့ အမှန်တော့ ကျွန်မဆရာဝန်လုပ်ချင်ခဲ့တာပါ ဒါပေမယ့် အခြေအနေကဒီလိုဖြစ်သွားတော့ ကျွန်မ Company ကို ဦးဆောင်ဖို့အတွက် စီးပွားရေးမေဂျာပဲရွေးရတာပေါ့ ကျွန်မ အခု America မှာ 5 နှစ်လောက်ကျောင်းသွားတက်ပြီး တောင်ကိုရီးယားမြေပေါ်ကို ပြန်လာခဲ့ပြီ ဦးလေးကြီးSong ကလည်း ကျွန်မအပေါ်ကောင်းရှာပါတယ် ကျွန်မကိုသမီးအရင်းလေးတစ်ယောက်လိုချစ်ရှာတယ် ဒါပေမယ့် ကျွန်မသူ့ကိုဘယ်တုန်းကမှချစ်တယ်လို့မပြောဖူးဘူး အကြောင်းအရင်းကတော့ကျွန်မကြောက်လို့ပါ အင်း အခု ကိုရီးယားကိုပြန်ရောက်ပြီဆိုတော့ Kim Group ရဲ့ Company ကြီးကို ကျွန်မအုပ်ချုပ်ရတော့မှာပေါ့ အတွေးတွေများနေတာနဲ့ ဦးလေးကြီး ခေါ်နေတာတောင်မမြင်မိဘူး

Hate Because LoveWhere stories live. Discover now