Soonyoung's pov
ကျွန်တော့်နာမည် Kwon Soonyoung ! ဒါပေမဲ့ လူသိများတဲ့ နာမည်က Hoshi ! ကျွန်တော် ကပျော်ပျော်နေတတ်တယ် ။ စိတ်တိုစိတ်ဆိုးလဲလွယ်တယ် ဗျ ။ ကျွန်တော် အနီးကပ်ပေါင်းတာက Wonwoo ရယ် Jihoon ရယ် Jun ရယ် ပဲ ။ ဒါပေမဲ့လူတော်တော်များများနဲ့ခင်ပါတယ် ။ ကျွန်တော်စိတ်ဝင်စားနေတဲ့ သူတစ်ယောက်ရှိတယ် သူက Lee Seokmin တဲ့ ။ Lee Jihoon ရဲ့ညီ ပေါ့ ဒါပေမဲ့ Jihoon နဲ့တော့မတူဘူး အစ်ကိုဖြစ်သူက ငြိမ်သလောက် Seokmin ကတော့ အမြဲပြုံးနေတတ်ပြီး ဘာပြောပြောသိပ်အရေးမစိုက်တတ်ဘူး ။ သူ့ရဲ့အမြဲပြုံးနေတဲ့ မျက်နှာကို အရမ်းသဘောကျတယ် ။ လူတွေသတိမထားမိတဲ့အချက်က Seok min ကပျော်ပျော်နေတတ်တော့ အလေးအနက်သိပ်မထားကြပေမဲ့ သူ့မျက်နှာ မှာအပြစ်ပြောစရာမရှိဘူး သူ့လက်ချောင်းလေးတွေကအစ လှတာဗျာ ။ သူသာ မပြုံးပဲ တည်တည်နေရင် တော်တော်ကို ကြည့်ကောင်းတယ် ။ ပြုံးနေရင်ချစ်ဖို့ကောင်းသွားပြန်ရော ။
"Soonyoung Hyung !!!!! မုန့်သွားစားမယ် "
"Soonyoung Hyung !!!! သီချင်းသွားဆိုမယ် "
"Soonyoung Hyung !!! ရုပ်ရှင်ကြည့်မယ် "
"Soonyoung Hyung ………"
"Soonyoung Hyung ………"
"Soonyoung Hyung ………"
ကျွန်တော် သူပြောသမျှ ငြင်းဆန်ခဲတယ် ။ ဘာလို့လဲဆိုတော့ သူပျော်နေတာကို ကျွန်တော်ကျေနပ်လို့ သူအမြဲပြုံးနေတာပဲမြင်ချင်လို့ ။ သူရယ်နေတာမြင်ရတာနဲ့တင် ကျွန်တော့်ဘဝ ငြိမ်းချမ်းနေပြီ ။
ဒါပေမဲ့
ဒီနေ့တော့ကျွန်တော့် ရင်ထဲကို နာကျင်စေမဲ့ မြင်ကွင်းတစ်ခုကိုအမှတ်မထင် မြင်တွေ့လိုက်ရတယ် ။ ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ Seugcheol ရဲ့ သူငယ်ချင်း Jisoo အနားမှာ Seokmin ကိုတွေ့လိုက်ရလို့ ။ သာမန်တွေ့ရုံလောက်တော့ ဝမ်းမနည်းပါဘူး ။ Seokmin ကိုတစ်ခါမှမမြင်ဖူးတဲ့ ပုံစံ နဲ့တွေ့ရတာ ပြီးတော့ သူ့အကြည့်တွေက Jisoo Hyung နားမှာ ရစ်ဝဲနေတာ ။ ဘယ်လိုလုပ်သိလဲဆိုတော့ Lee Seokmin မျက်နှာကိုအရိပ်တကြည့်ကြည့်နေတဲ့ သူပဲ သိတာပေါ့ ။ အမြဲ စနောက် ရွှတ်နောက်နောက်နဲ့ Seokmin ရဲ့ပုံစံကနေ ရုတ်တရက်အေးဆေးတည်ငြိမ်တဲ့ပုံစံပြောင်းသွားတာလဲအရမ်းသိသာတယ်လေ ။ ကျွန်တော်နားလည်လိုက်ပါတယ် Seokmin ရဲ့စိတ်တွေ Jisoo Hyung အပေါ်ဘယ်လောက်လေးနက်နေလဲဆိုတာ ။ ကျေနပ်ပါတယ် သူပျော်နေဖို့သာအဓိကပါ ။ ကျွန်တော် သူ့အနားမသွားတော့ပဲ အသာအယာပဲ ပြန်လှည့်ထွက်လာတယ် ။
သူပျော်နေရင် ကျွန်တော်ကျေနပ်ပါတယ် ။******************************
Reality"Jisoo Hyung !!!! မုန့်သွားစားမယ်လေ။ ကျောင်းရှေ့က တော့ပိုကီစားရအောင်"
"No Seokmin !!! အပြင်စာတွေဟာ ကျန်းမာရေးအတွက်မကောင်းဘူး ။ Cafe ဒါမှမဟုတ် သန့်ရှင်းသပ်ရပ်တဲ့နေရာမှာပဲစားရမယ် "
Seokmin အသက်ရှူကြပ်သလိုတောင်ခံစားလိုက်ရပေမဲ့ Jisoo Hyung ဆန္ဒအတိုင်း Cafe မှာ ကော်ဖီသောက် ပြီး တိတ်တဆိတ်စကားပြောရင်း ဖြတ်သန်းလိုက်ရတယ် ။ Cafe နဲ့မျက်နှာချင်းဆိုင် တော့ပိုကီဆိုင်မှာ သူများတွေအားရပါးရစားနေတာ မြင်တော့ ငိုချင်သွားတယ် ။
The next day
"Jisoo Hyung !!!! Basket ball ကစားမယ်လေ ကွင်းထဲမှာလဲလူတွေအများကြီး "
"No Seokmin !!! ခနနေ Jeonghan လာလိမ့်မယ် ဆော့ချင်ရင်သူ့ကိုစောင့် သီးသန့် ကွင်းမှာဆော့မယ် "
"Hyung ကျွန်တော်တို့ပဲလားပျင်းစရာကြီးးကျောင်းက ကွင်းထဲမှာမှ လူတွေများ များ များ ………"
"Seokmin လူတကာနဲ့ထိတွေ့ပြီး ချွေးသံတွေနဲ့ စိတ်ပျက်စရာကောင်းတယ် သီးသန့်ပဲဆော့မယ် "
Seokmin သက်ပြင်းချပြီး ကျောင်းကစားကွင်းမှာ ဆော့နေတဲ့ Soonyoung Hyung , Mingyu နဲ့ Seungkwan တို့ကို ငေးမောကြည့်နေမိတယ် ။ အရင်က သူပါအတူတူပါဝင်ဆော့ကစားခဲ့တာလေ ။
I can't
"Seokmin ရုပ်ရှင်သွားကြည့်ရအောင် "
"Wooow Hyung တကယ်လား ဘာကားလဲဘယ်ရုံလဲ "
"ရုပ်ရှင်ရုံမသွားပါဘူး လူပေါင်းစုံနဲ့ အတူတူမကြည့်ချင်ဘူး "
"ဟင် Hyung ပဲ ရုပ်ရှင်ကြည့်မယ်ဆို ?? "
"Minicinema လေးလုပ်ထားတာလေ Jeonghan ကိုဖုန်းဆက်လိုက်ဦးမယ် သူပါအတူတူလာကြည့်အောင်လို့ "
Lee Seokmin အသက်ရှူလို့မရလောက်အောင်စိတ်ကျဉ်းကြပ်သွားမိတယ် ။ သူ့ရဲ့နဂိုပုံစံနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ တည်ငြိမ်တဲ့ပုံစံကို ပြောင်းလဲမိတာ မှားမိပြီလား ???? Jisoo နားမှာရှိနေရင်ပျော်ရမမယ်ထင်ခဲ့တာ ဘာကြောင့်ပိုစိတ်ပင်ပန်းလာတာလဲ ??? အဖြေရှာမရခဲ့ …………………
*************************
To be continued
AU : Heyyyy !!!!!!! I'm back . Final နက်ဖန်update ပေးပါမယ်လို့
![](https://img.wattpad.com/cover/165218166-288-k166457.jpg)
YOU ARE READING
Seventeen OTP one shot Myanmar
FanficSeventeen's OTP Jicheol Jihan Junhao Soonhoon Seoksoon Meanie ** Verkwan Chancheol Jeongcheol အဲ့ဒါလေးတွေ ထဲကဘယ်ကစရေးရမလဲ ???????? Can request ပါလို့