အင်း ....
မျက်လုံးပေါ်ကို စူးစူး ၀ါးဝါး ထိုးနေတဲ့ နေရောင်ကြောင့် အိပ်ယာထက်မှာ လူးလှိမ့်ရင်း မျက်လုံးတွေဖွင့်လိုက်သည်။
အနီရောင် အိပ်ယာအကျယ်ကြီးပေါ်မှာ သက်ရှိလူသားဆို
လို့ ကျွန်တော် တစ်ယောက်တည်း ..... ကျစ် သူ ထွက်သွားပြန်ပြီလား .....' ဆူး .... ´
ကျွန်တော် ခေါ်လိုက်ပေမယ့် တုံ့ပြန်မှုမရှိ တာကြောင့်
အိပ်ယာပေါ်မှ ၀ုန်းကနဲခုန်ဆင်းလိုက်ပြီး ကုတင်အောက်က အ၀တ်တွေထဲမှ ဘောင်းဘီရှည်ကို ကောက်ဝတ်လိုက်
ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။' ဆူး .... ဆူး ... ဘယ်မှာလဲ ....´
' နိုးလာပြီလား ..... လာထိုင်လေ .....´
မီးဖိုခန်းမှာ ဟင်းချက်နေရင်း ကျွန်တော့်ကို လှည့်ကြည့်လာ ကာ အရှေ့ကခုံကို မေးငေါ့ပြရင်း ပြောလာတော့
ကျွန်တော် နာခံစွာပဲ ခုံလေးမှာ ၀င်ထိုင်လိုက်သည်။' ဘာတွေ ချက်နေတာလဲ ... ဆူး ...´
' မနက်စာလေ....ပဲပင်ပေါက်ဟင်းရည်နဲ့ ၀က်သားကြော်
ထားတယ် .... ရေခဲသေတ္တာထဲက အရံဟင်းဗူးလေး ယူပေးပါဦး ....´' ဟုတ်ကဲ့ .... ဆူး ´
ကျွန်တော် ထိုင်နေရာမှ ထကာ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး အစီအရီထပ်ထားသော အရံဟင်းဗူးလေးတွေနဲ့အတူ ပန်းသီး တစ်လုံးကိုပါ ယူလာခဲ့လိုက်သည်။ ရေခဲသေတ္တာထဲမှာ သပ်ရပ်သန့်ရှင့်နေရုံသာမကပဲ ပစ္စည်းတွေကိုလဲ စနစ်တကျ အစီအရီ သေသပ်စွာ ထားပုံက စည်းကမ်းကြီးလွန်းသော ဆူး ရယ်ပါ ။ ဟင်းဗူးတွေ ချပေးလိုက်ပြီး ခုံမှာပြန်
ထိုင်လိုက်ရင်း လက်ထဲကပန်းသီးကို တစ်ကိုက်ကိုက်ကာဝါး လိုက်တော့ .......'ထပ်ပြီး စည်းကမ်းမရှိ လုပ်ပြန်ပြီလား .... ဂျုံအင် .....မနက်စာ စားဖို့ ငါပြင်နေတာ မင်းမတွေ့လို့လား .....´