Zawgyi
Forgetting you-Davichi(Moonlover ost song)
_
မန်နေဂျာအမကြီးက စိတ်မကောင်းတဲ့မျက်နှာ
ထားနဲ့လှမ်းလှမ်းကြည့်နေတာမို့ suho အားနာ
နာနဲ့ပဲ ပြုံးပြနေမိသည်။suho လို တော်တဲ့ ၀န်
ထမ်းကို အလုပ်မထွက်စေချင်သလို၊မောင်နှမ
တွေလို ခင်မင်နေခဲ့ကြတာကြောင့်လည်း ပါပါ
သည်။Suho အလုပ်လုပ်ရာ နေရာက yixingရဲ့
ပိုင်ဆိုင်မှုထဲက တစ်ခုဆိုတာ သူသိခဲ့ပြီးနောက်
ဆက်လုပ်ရန် မသင့်ကြောင်း ဆုံးဖြတ်လိုက်မိ
သည်။လွန်ခဲ့ ၂နှစ်က sehun ကိုယ်တိုင် kim
Suho ဆိုတဲ့ လူသားတစ်ယောက်အဖြစ် နေထိုင်နိုင်ရန် စာရွက်စာတမ်း တစ်ချို့ပြုလုပ်ပေးခဲ့
သည်။'zero အနားက ပြေးနိုင်မယ် ထင်သလောက်
ပြေးကြည့်ပေါ့´လို့ sehun နောက်ဆုံးတွေ့တုန်းက ပြောခဲ့သည့် စကားက suho ကိုလှောင်
ရယ်နေပြန်သည်။"Suho....မင်းနဲ့တွေ့ချင်လို့တဲ့...."
မန်နေဂျာအမကြီး လှမ်းပြသည့် ဆိုင်အ၀တွင်
အနက်ရောင်ဝမ်းဆက်နဲ့ လူသုံးယောက်ရပ်နေ
သည်။ထိုလူများ နောက်ကို suho လိုက်သွား
လိုက်သည်။မရောက်တာကြာပြီဖြစ်တဲ့ စံအိမ်ကြီးက လှပမြဲ
ပင်။ထို့အတူ ဘယ်နေရာရာကြည့်ကြည့် yixing အငွေ့အသက်များအား ခံစားနေရသည်။yixing နဲ့နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့ တောင်ကုန်းလေးပေါ်မှာ ရပ်လို့နေတဲ့ sehun
ကျောပြင်က သူ့ကို ပိုလို့ နာကျင်စေရပါသည်။""ပြေးနိုင်သလောက်ပြေးပါလို့ မပြောခဲ့ဘူး
လား.....suho...၀င်္ကပါ ထဲပိတ်မိနေတာ
များလား...ဟက်ဟက်...."အေးစက်စက် sehun အသံက ကျောပေး
ထားလျက်ပင် ထွက်ပေါ်လို့လာသည်။တစ်
သိမ့်သိမ့်တိုက်ခက်နေတဲ့ လေအေးအေးက
သူ့ရင်အား ပို၍နာကျင်စေသည်။
YOU ARE READING
Hyper Lunacy{S-1}[complete]xingho
FanfictionYou should give answer immediately ; or else we will miss this life. Zawgyi+Unicode