zawgyi
Chen-Beautiful goodbye
နွေဦးရာသီရဲ့ လေပြေငယ်က ဆာကူရာ
ပန်းတစ်ချို့ကို ကလူ၏မြူ၏ ဖြတ်ကျော်
သွားကြသည်...ပန်းနုရောင်နဲ့ဖြူဖွေးဖွေး ဆာကူရာပင်တန်း
ကြီးတွေ ဘေးတစ်ဖက်တစ်ချက်မှာ ပေါက်
ရောက်နေတဲ့ လမ်းမတန်းကြီးက လှပလွန်း
နေသည်....ကားမှန်တံခါးကိုချလိုက်ပြီး အပြင်ဖက်က
လူတစ်ချို့သွားလာနေပုံကို အထူးအစမ်း
ကြည့်နေမိသည်..တစ်ရိပ်ရိပ်ကျန်ခဲ့တဲ့ လူရိပ်တွေက အထူး
အစမ်းမဟုတ်ပေမဲ့ ရိုးရှင်းနေတယ်လို့တော့
ခံစားမနေရပါဘူး...."Yixing....ပျင်းနေပြီလား...."
"Sehun..gegeလို့ခေါ်ဆို မရိုင်းနဲ့..."
ကားမောင်းသူနေရာက papaရဲ့ မဆိုသ
လောက်ဟိန်းဟောက်သံကြောင့် နဘေးက
အသံသေးသေးလေးတိတ်သွားပြီး ဆန့်ကျင်
ဖက်မှန်တံခါးကိုကြည့်လို့နေတယ်...၄နှစ်သား yixing ထက်တောင် တစ်ခါတစ်ရံ
sehun က ရင့်ကျက်ဟန်ပြနေသေးသည်.....Yixing တို့ကားလေး အ၀ါနုရောင်အိမ်လေး
ရှေ့မှာ ရပ်လိုက်တယ်..."ဒီလမ်းသေချာပါတယ်...အိမ်နံပါတ်များ
မှားနေလားမသိဘူး...."ကားရပ်ကာ ဖုန်းထဲမှာတစ်စုံတစ်ခုရှာနေတဲ့
papaကို လှမ်းကြည့်လိုက်ပြီး ကားမှန်တစ်ဖက်
ကို ပြန်လည်မျက်နှာမူလိုက်သည်..."Jun......သားရေ မေမေ့ဆီလာအုန်း..."
အ၀ါရောင်အိမ်ဖက်က ခပ်ကျယ်ကျယ်
အသံကြောင့် yixing အာရုံစိုက်မိလိုက်
တယ်..သဲပုံထဲမှာထိုင်ဆော့နေတဲ့ အ၀ါ
ရောင်အင်္ကျီထဲမှာ မြှပ်လို့နေတဲ့ ဖြူဖြူဖွေး
ဖွေးကလေးငယ်သည် မျက်မှန်လေးအား
ပင့်တင်ကာ နှုတ်ခမ်းလေးအား မဆိုသ
လောက်ဆူလိုက်လေသည်....
YOU ARE READING
Hyper Lunacy{S-1}[complete]xingho
FanfictionYou should give answer immediately ; or else we will miss this life. Zawgyi+Unicode