Ep - 2

27.2K 2.4K 31
                                    

Unicode

'' ဟာ .. ရေး။ ငါ့အတွက် မလိုပါဘူးဆိုကွာ ''

ညံ ဘယ်လောက်ပဲငြင်းငြင်း အင်္ကျီတွေ ယူပြီး ခန္ဓာကိုယ်မှာ ကပ်ကြည့်လိုက်လုပ်ရင်း စိတ်ကြိုက် ရွေးဝယ်နေမိ၏။ အလိုမကျသော ညံက တစ်လမ်းလုံး စကားမပြော ရေငုံနှုတ်ပိတ်နေကာ ရုပ်က စူပုပ်ပုပ် ဖြစ်ချင်နေသည်။

ကောင်တာမှာ ကျသင့်ငွေကိုရှင်းပြီး ဆိုင်ထဲမှ ထွက်ခဲ့ကြသည်။ အိမ်အတွက်လိုအပ်သော ပစ္စည်းတွေနဲ့ ညံဝတ်ဖို့ ဝယ်လာသည့် အဝတ်အစားတွေကြောင့် လက်ထဲ အထုပ်တွေက များပြားနေ၏။ ဒီတော့လည်း  ဘေးမှာ အတူပါလာသည့် အမျိုးကောင်းသားလေးက မနေနိုင်တော့ပုံပင်။ လက်ထဲရှိ အိတ်တွေကို တစ်ဝက် ဆွဲယူလာတော့၏။

'' ငါ သယ်နိုင်ပါတယ် ညံရဲ့ "

ညံက ဘာမှမပြော ပေစောင်းစောင်း အကြည့်တစ်ချက်နှင့်သာ တုံ့ပြန်လာ၏။

'' ညံ စကားပြောဦးလေကွာ။ ဘာလဲ။ ခု ငါ့ကို စိတ်ကောက်နေတာလား။ စိတ်ကောက်တာက မိန်း .. ''

'' ဟေ့ကောင်  တော်တော့ ''

စကားအဆုံးထိ မရောက်လိုက်ရ။ ဆက်ပြောလာမည့် ဝေါဟာရကို သိလိုက်သည့်ငြား နှစ်ကိုယ်ကြား အသံဖြင့်  ဘောက်ဆတ်ဆတ် ငေါက်တော့သည်။ ညံ စကားပြန်ပြောလာဖို့ တစ်ခုသာ ဦးတည်ထားသည်မို့ အကြံအလုပ် ဖြစ်သွားရကာ သဘောကျစွာ ပြုံးမိလိုက်၏။

'' ရေး  ''

လှမ်းနေသော ခြေလှမ်းတွေကို တုံ့ဆိုင်းပစ်လိုက်ရင်း  ခပ်တိုးတိုး ကပ်ခေါ်လာသူ။

'' မင်းမှာ ပိုက်ဆံရှိသေးတယ်မလား ''

မျက်ဝန်းတစ်စုံက တစ်နေရာကို ရောက်သွားပြီးမှ ဘယ်ဆီမှ မကူးပြောင်း၊ တန့်နေလျက် မေးလာခြင်းဖြစ်၍ ညံကြည့်ရာသို့ လိုက်ကြည့်မိသည်။

မြင်လိုက်ရသည့်အရာများကို မယုံနိုင်စွာ မဟုတ်တန်ကောင်းပါဘူးဟု တွေးမိလိုက်ရင်း မျက်တောင်ဖျားတို့ တစ်ချက်ခါချမိ၏။ ညံ ဒါကို မျက်စိကျကာ ပူဆာလာမှာတော့ မဖြစ်နိုင်။ ဖြစ်စရာအကြောင်းလည်း ရှိမနေ။

'' ရေး  ငါ မေးနေတယ်လေ။ ရှိသေးလားလို့ .. ရှိသေးလား ''

စီတန်းထားသော မွှေးပွအရုပ်တန်းကြီးကို ငေးကြည့်လျက် အကြည့်တို့ကို မလွှဲဖယ်နိုင်ခြင်းနှင့်အတူ စိတ်မရှည်တော့သည့် အသံက ဆောင့်ဆောင့်အောင့်အောင့်။

If YouWhere stories live. Discover now